သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ
ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu အား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ
သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများ၊
ဆက်လက် ဆောင်ရွက်မည့် နိုင်ငံအဆင့် သစ်တောစောင့်ကြည့်လေ့လာခြင်းနှင့် သတင်း အချက်အလက်
စနစ်တည်ထောင်ခြင်း လုပ်ငန်းစီမံကိန်း သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊
ရေဖြန့်ဝေမှု၊ ရေသန့်စင်မှု၊ ရေအရည်အသွေး ကြီးကြပ်ထိန်းချုပ်မှုဆိုင်ရာ စီမံအုပ်ချုပ်သည့်
အဖွဲ့အစည်း များ၊ စွန့်ပစ်အမှိုက်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ စည်းမျဉ်းများနှင့် အကောင်အထည်ဖော်သည့်ဌာနများ၊
အမှိုက်မှ စွမ်းအင်ထုတ်လုပ်နိုင်မည့် အလားအလာများ၊ အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ
ရေးဆွဲပြုစု ဆောင်ရွက်မည့် အစီအစဉ်များ၊ လေအရည်အသွေးတိုင်းတာခြင်း၊ မီးခိုးမြူဖြစ်ပေါ်ခြင်းတို့နှင့်ပတ်သက်၍
တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်း ဆောင်ရွက်မှုနှင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌
လေအရည်အသွေး တိုင်းတာရေးအစီအစဉ်များ၊ အစိမ်းရောင်စီးပွာရေးမူဝါဒ၊ မူဘောင်အား အတည်ပြု
ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment