နေပြည်တော် စက်တင်ဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီး ခဲ့သော နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော် ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး
(၂/၂၀၁၉)ကို စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊
တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ ပြုပြင်ရန်လိုအပ်ချက်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး
နှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်
မည့် လုပ်ငန်းများ Overlap မဖြစ်စေရေး၊ အချိတ်အဆက်ဟန်ချက်ညီညီ ဆောင်ရွက် နိုင်ရေး၊
ဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများသည် ဒေသအတွက် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး၊
သွက်လက်မှန်ကန်မြန်ဆန်ပြီး စနစ်တကျဖြစ် စေရေးအတွက် အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့်
ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေး တင်ပြကြရန် ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့်
မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်၍ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများ
ရေးဆွဲပြီး လုပ်ငန်းများကို Myanmar Sustainable Development Plan ၊ Project Bank တို့ဖြင့်
ချိတ်ဆက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့်ပြည်ထောင်စု
တစ်ဝန်းလုံး နယ်စပ်ဒေသ၊ ပြည်မအကြား ဖွံ့ဖြိုးမှု ကွာဟချက်မရှိစေဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်
ရေရှည်တည်တံ့စေရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုး များ၏ လူမှုစီးပွားနှင့်
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း။
ဝန်ကြီးဌာနအနေဖြင့်
နိုင်ငံတော်၏ ဘဏ္ဍာငွေခွင့်ပြုဝင်ဆံ့မှု ဘောင်အတွင်းမှ ခွဲဝေရရှိသည့် ရန်ပုံငွေနှင့်
ဘတ်ဂျက်ကိုအခြေခံသည့် လုပ်ငန်းစီမံကိန်းများကို ရေးဆွဲရာ တွင် နိုင်ငံနှင့်ပြည်သူ အကျိုးရှိစေမည့်လုပ်ငန်း၊
ပကတိလိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းများကို ဦးစားပေးအလိုက် ရွေးချယ်သတ်မှတ်ပြီး
လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြအတည်ပြုချက်ရယူ၍ ဆောင်ရွက်လျက်ရှိကြောင်း။
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍
ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာဝန်ရှိ သူများ အနေဖြင့် Standard Operating
Procedure (SOP) နှင့်အညီ ဆောင်ရွက်ရန် ရှိသည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ စိစစ်၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး
အစိုးရအဖွဲ့များမှ တစ်ဆင့် ပြည်ထောင်စုအစိုရအဖွဲ့ရုံးသို့ တင်ပြဆောင် ရွက်သွားရန် လိုအပ်ကြောင်း
ပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ် ဒေသနှင့်တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊
ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊
မူဝါဒများနှင့် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်၊ ရှေ့ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့်
တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ် ရေးမှူးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်၊
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း)
ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး
ခဲ့သည့် လုပ်ငန်းအခြေအနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့်အစီအမံများ၊
ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်
လိုအပ်သည့် အခြေအနေများ၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်ကြောင့်
ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ
ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment