နေပြည်တော် စက်တင်ဘာ ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊
လမ်းဦးစီးဌာနနှင့် Yooshin Engineering Corporation တို့ အကြား Greater
Mekong Sub – region (GMS) Highway Modernization Project (HMP) (Funded by
Asian Development Bank) Contract Signing Ceremony အခမ်းအနားကို ယနေ့ ညနေ
၄ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် Yooshin Engineering Corporation မှ
President Mr. Jong Hun Kim တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက်
လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်နှင့် Yooshin Engineering
Corporation မှ President Mr. Jong Hun Kim တို့က Greater Mekong Sub –
region (GMS) Highway Modernization Project (HMP) Contract အား
ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment