နေပြည်တော် စက်တင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Ms. Karen Mac Arthur နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာ ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လိုကြောင်းကိစ္စ၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကိစ္စ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒုက္ခသည် စခန်းများ ပိတ်သိမ်းနိုင်ရေး၊ အမျိုးသားရေးမူဝါဒ ရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment