ရန်ကုန်
စက်တင်ဘာ ၉
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍
အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့
အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲတွင်
ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က “ရန်ကုန်တိုင်းဒေသကြီး
အတွင်း တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန်အတွက်
သုံးနှစ်တာကာလအတွင်း ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခဲ့ပါကြောင်း၊
အသစ် တည်ဆောက်ခဲ့သည့် ဓာတ်အားခွဲရုံများသည် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ ကိုးရုံ၊ တပ်ဆင်အင်အား
၄၁၀ အမ်ဗွီအေ၊ ၆၆ ကေဗွီ AIS ဓာတ်အားခွဲရုံ ငါးရုံ၊ တပ်ဆင်အင်အား ၁၈၀ အမ်ဗွီအေ၊ ၃၃ ကေဗွီ
ဓာတ်အားခွဲရုံ ၁၄ ရုံ၊ တပ်ဆင်အင်အား ၈၅ အမ်ဗွီအေ အသစ် တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။
ထို့အတူ
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
၆၆ ကေဗွီ ဓာတ်အားလိုင်း ၄၈ ဒသမ ၂၆ မိုင်၊ ၃၃ ကေဗွီ Insulate Cable ဓာတ်အားလိုင်း ၃၅
ဒသမ ၃၆ မိုင်၊ ၁၁ ကေဗွီ Insulate Cable ဓာတ်အားလိုင်း ၃၇၄ ဒသမ ၉၈ မိုင်၊ ၀ ဒသမ ၄ ကေဗွီ
Insulate Cable ဓာတ်အားလိုင်း ၂၉၆ ဒသမ ၁၉ မိုင်၊ လမ်းမီး Insulate Cable ဓာတ်အားလိုင်း
၃၂ ဒသမ ၉၇ မိုင် ဓာတ်အားလိုင်း များကို အသစ်တည်ဆောက်ခဲ့ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
၃၃/၁၁ ကေဗွီခွဲရုံခုနစ်ရုံ၊ ထရန်စဖော်မာ အလုံး ၂၁၀၊ လိုင်း ၅၇ ဒသမ ၁၁၀ မိုင်၊ ၁၁ ကေဗွီလိုင်း
၂၅၀ ဒသမ ၉၇၀ မိုင်၊ ၄၀၀ ကေဗွီလိုင်း ၂၄၇ ဒသမ ၁၃၀ မိုင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၃၃/၁၁ ကေဗွီခွဲရုံ ရှစ်ရုံ၊ ထရန်စဖော်မာ ၁၅၂ လုံး၊ ၃၃ ကေဗွီလိုင်း
၄၁ ဒသမ ၇ မိုင်၊ ၁၁ ကေဗွီလိုင်း ၃၂၀ ဒသမ ၈၀၃ မိုင်၊ ၄၀၀ ကေဗွီလိုင်း ၁၃၄ ဒသမ ၅၄၁ မိုင်
တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၃၁/၁၁ ကေဗွီခွဲရုံ ၁၁ ရုံ၊
ထရန်စဖော်မာ ၄၀၃ လုံး၊ ၃၃ ကေဗွီလိုင်း ၃၈ ဒသမ ၀၃၀ မိုင်၊ ၁၁ ကေဗွီလိုင်း ၇၇၁ ဒသမ ၄၆၈
မိုင်၊ ၄၀၀ ကေဗွီလိုင်း ၃၄၉ ဒသမ ၁၁၀ မိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ကျေးရွာများအားလုံး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မီးလင်းနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း
၃၂ ဒသမ ၅၈၅ ဘီလီယံ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၄၅ ဒသမ ၄၆၉ ဘီလီယံနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း
၃၁ ဒသမ ၅ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး
ရှင်း မှ သိရသည်။
ထို့အတူ
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေး အတွက် ခရိုင်လေးခရိုင်အတွင်းရှိ မြို့နယ်များတွင် လမ်းမီး အလင်းရောင်
ရရှိရန် လမ်းမီးလုံးများ တပ်ဆင်ခြင်း၊ လမ်းမီးဓာတ်အားလိုင်းများ ပြေးဆွဲခြင်း၊ ထရန်စဖော်မာများ
တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။
သတင်း-မင်းသစ်
(MNA)
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:
Post a Comment