နေပြည်တော် စက်တင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ စကော့မာစီရယ် အား ယနေ့ မွန်းလွဲ
(၁)နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ
တွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသများ
တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့်
တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်
ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ပေးနေမှု၊ ကြိုးပမ်း ဆောင်ရွက်နေသည့် အမျိုးသား
ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စ၊
အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့တွင် Asia-Pacific Center for Security
Studies (APCSS) မှ ကြီးမှူးဖွင့်လှစ်သည့် သင်တန်းများသို့ နယ်စပ်ရေးရာ
ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊
ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment