Tuesday, September 17, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မန္တလေး-မြစ်ကြီးနား ရထားလမ်းအဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒလဘက်ခြမ်းကမ်းခြေတွင် ဖြစ်နိုင်ခြေ လေ့လာရေး ဆောင်ရွက်လျက်ရှိမှု၊ အံ့ကြီး သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ မုံရွာဆိပ်ကမ်း နှင့် ကုန်းတွင်းဆိပ် တည်ဆောက်ရေး ၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ စီမံကိန်း လုပ်ငန်းများနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment