နေပြည်တော် စက်တင်ဘာ ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ
သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် အား ယနေ့မွန်းလွဲ ၂ နာရီ တွင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီး၏
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်
အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် အမေရိကန်နိုင်ငံမှ
ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများ၊ နည်းပညာဆိုင်ရာနှင့် လူသားအရင်းအမြစ်
ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးအတွက် ပံ့ပိုးပူးပေါင်း
ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment