ရန်ကုန် စက်တင်ဘာ ၁၄
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၁၅/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌
ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊
ဒုတိယ ဥက္ကဋ္ဌဒေါက်တာသန်းမြင့် နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက် ကြသည်။
အစည်းအဝေးတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ဟိုတယ် ကဏ္ဍ၊ အိမ်ရာ အဆောက် အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ရေနံနှင့်
သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ် ရေး ကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း
(၈) ခုခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ
၃၆ ဒသမ ၇၄၅ သန်းနှင့် ငွေကျပ်၁၆၃၃၀၂ ဒသမ ၇၅၃ သန်းရှိပြီး ပြည်တွင်း လုပ်သား များအတွက်
အလုပ်အကိုင်အခွင့် အလမ်းပေါင်း (၃၁၅၉)နေရာကိုဖန်တီးပေးနိုင် မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိနိုင်ငံပေါင်း
(၅၀) နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ(၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း
(၁၈၀၆) ခုရင်းနှီးမြှုပ်နှံလျက်ရှိရာစုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၁၅၉၇ ဒသမ
၇၄၃ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု
အများဆုံး ပြုလုပ် သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
ထိုင်းနိုင်ငံ တို့ဖြစ်သည်။
နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ
(၁၂) ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၄၈ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၉၅ ရာခိုင်နှုန်း
ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ
၀၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
(သတင်းစဉ်)

No comments:
Post a Comment