Saturday, September 14, 2019

၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကျင်းပ



နေပြည်တော် စက်တင်ဘာ  ၁၄

လူမှုကွန်ရက်မှတစ်ဆင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုများကို ပြန်လည်သုံးသပ်ရန် အတွက်  ၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။


ဖိုရမ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့် အမှာစကားပြောကြားသည်။

ဖိုရမ်တွင် မြန်မာနိုင်ငံ၏ လူမှုကွန်ရက် စိန်ခေါ်မှုများနှင့် အကျိုးသက်ရောက်စေမှုများ ခေါင်းစဉ်နှင့် လူမှုကွန်ရက် အသုံးပြုခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်သည်။

မြန်မာနိုင်ငံ၏ လူမှုကွန်ရက် စိန်ခေါ်မှုများနှင့် အကျိုးသက်ရောက်စေမှုများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲတွင် Presenter & MC မဖြိုးဖြိုးခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် မန္တလေးမြို့ တော် စမတ်စီးတီးအရာရှိချုပ် ဦးရဲမြတ်သူ၊ နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ The Voice Journal/Living Color Media ၏ Publisher & CEO ဦးဇေယျသူ၊ ကမ္ဘောဇဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးဇော်လင်းအောင် နှင့် မိုးစက်ဝိုင် (Miss Universe Myanmar 2013) တို့က ပါဝင်ဆွေးနွေးကြသည်။

အလားတူ လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေး ပွဲတွင် ဧရာဝတီဘဏ် မန်နေးဂျင်းဒါရိုက်တာ(ဒစ်ဂျစ်တယ်) ဦးချစ်ထွန်းဖေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာနမှ ဌာနမှူး ရဲမှူးကြီးညွန့်ဝေ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ Legal Advisory Member ဦးမင်းတေဇာညွန့်တင်၊ Telenor Myanmar ၏ Head of Corporate Responsibility ဒေါ်ခင်ပြည့်ဝန်းသော်တာ၊ Oooredoo Myanmar ၏ Head of Corporate Communications ဦးတင့်နိုင်ထွဋ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့် Cyber security Expert ကိုဘုန်းမြင့်(Mike)  တို့က ပါဝင်ဆွေးနွေးကြသည်။

ထို့ပြင်ဖိုရမ်အတွင်း Business & IT/ Policy Advocacy ၊ MPT: Supporting Digital Literacy in Myanmar ၊ Global Partnership for Digital Literacy ၊ Digital Literacy ၊ Unicode Migration Presentation ခေါင်းစဉ်များဖြင့်လည်း သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာရှင်များက ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပြီးတွင် ဆွေးနွေးချက်များမှ ရရှိလာသည့် အကြံပြုချက်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အချက်များကို ပြန်လည်ဆွေးနွေးသုံးသပ်ကြပြီး ဖိုရမ်တက်ရောက်လာကြသူများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ 

သတင်းစဉ်

No comments:

Post a Comment