နေပြည်တော် ဩဂုတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဖေမြင့်သည် JICA မှ
Chief Representative ဖြစ်သူ Mr.Masayuki Karasawa ဦးဆောင်သောအဖွဲ့အား
ယနေ့ မွန်းလွဲ(၁) နာရီတွင်လည်းကောင်း၊ ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ
မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ (၂)နာရီတွင်လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။
JICA မှ Chief Representative ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ၊ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။
ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နေပြည်တော်တွင် ရုပ်ရှင်သင်တန်းကျောင်း Film School တည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment