Wednesday, August 7, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်အဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၇
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ စေတီတော်အား တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးနာယက၊ ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရာတွင် သာသနာတော်ဆိုင်ရာ ထုံးတမ်း စဉ်လာ မဟာမင်္ဂလာအခမ်းအနား ၉ မျိုးအနက် အနန္တရာယိက မြေသန့်မဟာမင်္ဂလာ၊ ရတနာပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ၊ ရတနာအုတ်မြစ်တော်စီမဟာမင်္ဂလာ၊ သတ္တဋ္ဌာန မူလဌာပနာ တော်သွင်းမဟာမင်္ဂလာ အခမ်းအနားနှင့် အလယ်ဌာပနာတော်သွင်းနှင့် အတွင်းစေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းတို့ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာများအပါအဝင် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းနားတို့ကို လာမည့်နိုဝင်ဘာ ၁၁ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် သာသနာတော် ဆိုင်ရာ ထုံးတမ်းစဉ်လာနှင့်အညီ ကျင်းပသွားမည်ဟု ရည်မှန်းထားပါကြောင်း။
စေတီတော် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတီတော်ဆိုင်ရာ ဗိသုကာ ကျမ်းများ၊ သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့်အညီ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခံ့မှုရှိစေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို အထူးကြပ်မတ် ဆောင်ရွက်ကြစေ လိုကြောင်း၊ စေတီတော်တည်ဆောက်ရေး တာဝန်ခံကုမ္ပဏီများ အနေဖြင့်လည်း အမှန်တကယ်သုံးစွဲကုန်ကျ ငွေများကိုစနစ်တကျ တွက်ချက်တင်ပြပေးစေလို ပါကြောင်း၊ ခုနစ်ရက် သားသမီးများအလှူငွေဖြင့် ကုသိုလ်ယူ တည်ဆောက်နေခြင်းဖြစ်သည့် အတွက် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်းနှင့် စေတီတော်တည်ဆောက်ရာတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောက်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် အောင်မြင်စွာ တည်ဆောက်နိုင်ရေး သတ်မှတ်ရက် အတွင်း အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားတို့ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးက စနစ်တကျ စီစဉ်ဆောင်ရွက် ပေးကြပါရန်နှင့် ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လည်း ဆပ်ကော်မတီများ အနေဖြင့် မိမိတို့လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက စေတီတော်တည်ထား ကိုးကွယ်ရေးနှင့် စပ်လျဉ်း၍ ပြောကြားပြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက စေတီတော် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီအသီသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment