နေပြည်တော် ဩဂုတ် ၇
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်
မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Dr. Khalid Hussain
Memon အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်နိုင်မှု အခြေအနေ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန်အတွက် အလားအလာရှာဖွေရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ref; Myanmar President Office

No comments:
Post a Comment