မကွေး ဩဂုတ် ၉
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)
ကျင်းပရေး လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌
ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဒေါက်တာ အောင်မိုးညို တို့တက်ရောက်အမှာ စကားပြောကြားကြသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာကျင်းပနိုင်ရန်အတွက်
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့နှင့်
ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပွဲတော်များကို တန်ဖိုးထား ကျင်းပခြင်း ဖြစ်သကဲ့သို့
သက်ဆိုင်ရာဒေသများအတွက်လည်း အကျိးရှိသည့်ကိစ္စဟုမြင်ပါကြောင်း၊ ထို့အတူ မကွေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်များ၏ အနာဂတ်အတွက်လည်း
အကျိုးရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ ပွဲတော်တွင်ပါဝင် ဆင်နွှဲခဲ့ကြသည့် လူငယ်များအနေဖြင့်လည်း
ဘဝတစ်သက်တာအတွက် အမှတ်တရ ကောင်းများရရှိနိုင် ပါကြောင်း၊ ပွဲတော်မှ စုပေါင်းလုပ် ဆောင်တတ်မှုနှင့်
တက်ကြွစွာပါဝင်ဆင်နွှဲခဲ့မှု အတွေ့အကြုံကောင်းများ ရရှိပြီး အနာဂတ်အတွက် အထောက်ပံ့များရရှိနိုင်ပါကြောင်း၊
ထို့ကြောင့် ယနေ့ အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
ပူးပေါင်း ဆောင်ရွက် ကြပါရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညိုက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ထည့်သွင်း ကျင်းပမည့် စာပေ၊
နည်းပညာ၊ အနုပညာနှင့် အားကစားဆိုင်ရာများတွင် ပါဝင်သင့်သည့် အချက်များကို အကြံပြုဆွေးနွေး
ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လူငယ်ဘက် စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)
အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လျာထားအစီအမံကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက
အကြံပြုဝိုင်း ဝန်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို
လူငယ်များအသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ
ဗလငါးတန် မြှင့်တင် ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်
ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် “ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့
လူငယ်ပွဲတော်နွှဲပျော်စို့” ဆောင်ပုဒ်သတ်မှတ်၍ မကွေးတက္ကသိုလ်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးသို့ရောက်ရှိပြီး
ခရိုင်ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ မကွေးဒေသရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ
အရာထမ်း၊ အမှုထမ်း များအား စုစည်းတွေ့ဆုံပြီး လိုအပ်သည်များမှာကြားခဲ့သည်။
(ခရိုင်ပြန်/ဆက်)



No comments:
Post a Comment