Friday, August 9, 2019

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ




နေပြည်တော် ဩဂုတ် ၉
           
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်(၉) နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ မာလိနီရေကန်အနီး မဟာဗောဓိ (၁၀၈)ပင်ဥယျာဉ်တော် အတွင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ဦးခင်မောင်ချိုနှင့် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်မွေးနေ့အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးမောင်စိန်တို့က မဟတ္တမဂန္ဒီ အတ္ထုပ္ပတ္တိကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ကြားကြသည်။

ထို့နောက် သာသနာရေးနှင်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ၌ နံ့သာဖြူပင်ကို စိုက်ပျိုးပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် မွေးနေ့ အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရွှေ၊ အတွင်း ရေးမှူး ဦးအောင်သွင်နှင့် ဦးဒေဝမုနိတို့က သတ်မှတ် နေရာများတွင် နံ့သာဖြူပင်ကို စိုက်ပျိုးပေးကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment