မကွေး သြဂုတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းနှင့်
Book Club အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စာဖတ်ဝိုင်းများနှင့်
ပြည်သူ့စကားဝိုင်းများကို လစဉ်ပုံမှန် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်
ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကလေးစာဖတ်ခန်းကို ကြည့်ရှုစစ်ဆေးပြီး
ကလေးများအား ကစားစရာအရုပ်များ ပေးအပ်ခြင်း၊ စာကြည့်တိုက်နှင့် ပြတိုက်ငယ် ခင်းကျင်းထားမှုကို
ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ကာ လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့သည်။
တိုင်းပြန်/ဆက် (မကွေး)
No comments:
Post a Comment