Saturday, August 10, 2019

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မန္တလေး - ပျဉ်းမနား ရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး



နေပြည်တော် ဩဂုတ် ၁၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် မန္တလေးဘူတာကြီး အစည်းဝေးခန်းမ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံစဉ် မိမိတို့ဌာန တိုးတက်အောင်မြင်လာစေရန် ဇွဲ လုံ့လဖြင့် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်း၊ ဆင်ခြင်တုံတရားတို့ တိုးတက်လာစေရန် ကြိုးစားနေထိုင်သွားကြရန် အရေးကြီးပါကြောင်း၊ ရထားလမ်းပိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းသည် ဖြစ်သလိုလုပ်၍ မရပါကြောင်း၊ အချိန်ယူပြီး စနစ်တကျ လုပ်ဆောင်ရမှာ ဖြစ်ပါကြောင်း၊ အချက်ပြစနစ်များမှာလည်း ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်၍ မိမိတို့ဝန်ထမ်းများက ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ ညီညီညွတ်ညွတ် ကြိုးစားကြမှာသာ မိမိတို့ဌာန အောင်မြင်မည် ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးဘူတာကြီး ကွန်ထရိုးခန်း နှင့် စက်ခေါင်းမောင်းများ နားနေခန်းအတွက် Water-cooler (၂) လုံးအား လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ရထားလမ်းတစ်လျှောက် လမ်းများကြံ့ခိုင်မှု အခြေအနေနှင့် တံတားများ ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ ကားလမ်းကူးများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ မြို့ဟောင်း ဘူတာ ယာဒ်ဝန်း ပြုပြင်ဆောင်ရွက်သွားမည့် နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ သာစည် ဘူတာသို့ရောက်ရှိလာပြီး သာစည်ဘူတာ ကွန်ထရိုးခန်းအတွက် Water-cooler (၁) လုံးလှူဒါန်းပေးအပ်သည်။ သာစည်ဘူတာ၊ ရမည်းသင်း ဘူတာ၊ တပ်ကုန်းဘူတာများရှိ အရာထမ်း/ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွ့ဆုံခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment