နေပြည်တော် ဩဂုတ် ၁၁
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်း ၂၀၁၅ခုနှစ် စာပေဗိမာန်စာမူဆု၊ စာပဒေသာဆု၊ ဒုတိယဆုရ စာရေးဆရာ “ဇော်လွင်ဦး(ဟင်္သာတ)”ရေးသားသည့် “ကန္ဒရ၀တီ ငွေတောင်ပြည်သို့” စာအုပ်ကို စာအုပ်အသင်း၏ ၂၀၁၉ ခုနှစ် ဩဂုတ်လ အသင်းပေးစာအုပ် အဖြစ် စာအုပ်အသင်းဝင်များသို့ ဖြန့်ချိလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှ တစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိပါသည်။
စာပေဗိမာန် အသင်းဝင်လိုပါက အတွင်းရေးမှူး စာပေဗိမာန်စာအုပ် အသင်း အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment