Sunday, August 11, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


နေပြည်တော် ဩဂုတ် ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်-ပုသိမ် လမ်းမကြီးအား မိုးတွင်းကာလ လမ်းပေါက်ဖြစ်သည့် နေရာများတွင် ခရိုင်အဖွဲ့၊ အထူးအဖွဲ့များဖြင့် လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြိုးတံတားသို့ရောက်ရှိပြီး တံတားဦးစီး ဌာနမှ တာဝန်ရှိသူများက ပုသိမ်ကြိုးတံတား ကြံ့ခိုင်မှုအတွက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကျွမ်းကျင်ပညာရှင် အဖွဲ့များနှင့် ပူးပေါင်း ပြီး အမြဲမပြတ်စစ်ဆေး ပေးရန်မှာကြားပြီး ကြိုးထိန်းခုံ၊ ကြိုးထိန်း တာဝါတိုင်၊ ဂျွိုင့်ဆက်များ၊ ကြိုးဆိုင်းများနှင့် ပင်မတံတားကြီးကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်-ငွေဆောင်လမ်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဂျက်ကာ - စိန်တောင် - မော်တင်စွန်း လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ငရုတ်ကောင်းတောင်ရှိ လမ်းဦစီးဌာန ပုသိမ်ခရိုင်လမ်းစခန်းရုံး ရှင်းလင်း ဆောင်၌ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းအခြေ အနေ၊ ပုသိမ်-သလပ်ခွါ-မော်တင်စွန်းလမ်း၊ ပုသိမ်-ငွေဆောင်လမ်း၊ ပုသိမ်-ချောင်းသာလမ်းအခြေ အနေတို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက မိုးတွင်းကာလဖြစ်သည့်အတွက် ပြည်သူများဘေးအန္တရာယ် ကင်းရှင်း ရန် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကယ်ရေးအစီအမံများနှင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရန်မှာကြားသည် ။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်တင်စွန်း-ဟိုင်းကြီး ကျွန်းလမ်း ၊ ဟိုင်းကြီး ကျွန်းပေါ်ရှိ နတလမှ လွှဲပြောင်းလက်ခံထားသည့် ကျေးလက်လမ်းနှင့် ဟိုင်းကြီးကျွန်း ဘေလီတံတားကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး တံတားကြီးရေရှည် တည်တံခိုင်မြဲရေးအတွက် အမြဲမပြတ်စစ်ဆေးပေးရန် မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment