နေပြည်တော်
သြဂုတ် ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်
ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်း အတွင်းဝန်ဒေါက်တာသာထွန်းကျော်တို့သည် ယမန်နေ့က
ဧရာဝတီတိုင်းဒေသ ကြီး၊ မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၏
စီစဉ်မှုဖြင့်
နေပြည် တော်သို့ လေ့လာရေးခရီးလာရောက်သည့် မြန်အောင်မြို့၊ မြို့ရွှေကျောင်း
လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဆရာတော်၊ အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊
ကျောင်းသူများ စုစုပေါင်း (၈၅)ဦးအား နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌
တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အပါအဝင်
နေရာဒေသ၊ ဌာနများသို့ လေ့လာရေး ခရီးလာ ရောက်ခြင်း သည်ကောင်းမွန်ပါကြောင်း၊ကျောင်းသား၊
ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ လေ့လာရေးခရီးမှ လေးစားအားကျအတုယူဖွယ်ရာများနှင့်
အတွေ့အကြုံ ဗဟုသုတများ ရရှိနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် နိုင်ငံအတွက် အကျိုးပြုမည့်
ခေါင်းဆောင်များ၊ အသိပညာရှင်နှင့် အတတ်ပညာရှင်ကြီးများ ဖြစ်လာစေရန်များစွာ အထောက်အကူ
ပြုမည်ဖြစ်ပါကြောင်း။
ကျောင်းသား၊
ကျောင်းသူများအနေဖြင့် ရည်မှန်းချက်ပန်းတိုင်များချမှတ်ပြီးဇွဲလုံ့လ အပြည့်ဖြင့် ကြိုးစားကြစေလိုပါကြောင်း၊
နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာ ကိုလည်း ကြိုးစားလေ့လာကြစေလိုပါကြောင်း
ပြောကြားခဲ့သည်။
ထို့နောက်
ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့်
အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်တို့က လေ့လာရေးခရီးလာ ရောက်သည့် ကျောင်းသား၊
ကျောင်းသူများကို လေ့လာကြိုးစား သင်ယူကြရန် ပြောကြား ခဲ့ကြသည်။
လေ့လာရေးခရီးလာရောက်သည့်
ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့ ညနေပိုင်း တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ၊
နေပြည်တော်တွင် ကျင်းပလျက်ရှိသော မြန်မာနိုင်ငံမှ
အိမ်ရှင်အဖြစ် ကျင်းပသည့် SMM 3rd Asian '' Asia World Foundation ''Men's U-23
Volleyball Championship ပြိုင်ပွဲမှ ပွဲစဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအသင်းနှင့်
ဘာရိန်း နိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားကြမှုများကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း
သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment