Monday, August 26, 2019

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း တတိယအကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး သို့တက်ရောက်


နေပြည်တော် သြဂုတ် ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးဝင်းသိမ်း နှင့် အဖွဲ့သည်ထိုင်းနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ကော်မရှင်ရုံး (Office of the Civil Service Commission-OCSC) ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သြဂုတ်(၂၂) ရက်မှ(၂၃)ရက်အထိ ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိသည်။

အစည်းအဝေး၌ ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ၂၀၁၇ခုနှစ်၊ ဧပြီ(၂၆)ရက်မှ (၂၉)ရက်အထိ ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက်အာဆီယံထိပ်သီး ညီလာခံတွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ လက်မှတ်ရေးထိုး ခဲ့သည့် “ASEAN Declaration on the Role of Civil Service as a Catalyst for Achieving ASEAN Community Vision 2025” ကြေညာစာတမ်း ပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နည်းဗျူဟာများချ မှတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများအား ဆွေးနွေး ညှိနှိုင်းခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) [ACCSM Work plan (2021-2025)] ရေးဆွဲထားရှိမှုနှင့်ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ် ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ်၊ ဧပြီလ၌ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက်အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်မှု အစည်း အဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို သုံးသပ်ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံတွင် ၂၀၂၀ခုနှစ်၊ သြဂုတ်လ၌ကျင်းပ မည့် (၂၀)ကြိမ်မြောက်အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီး အကဲများအစည်းအဝေး၊ ပဉ္စမအကြိမ်မြောက် အာဆီယံအပေါင်း သုံးနိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးတွင်ဆောင်ရွက် အကောင်အထည်ဖော် မည့်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခြင်း၊ အာဆီယံနိုင်ငံ့ ဝန်ထမ်း သင်တန်းကျောင်းများ ကွန်ယက်တည်ထောင်ပြီး ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များချမှတ် ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် တည်ထောင်ထားရှိသည့် အာဆီယံလူ့စွမ်းအား ဗဟိုဌာနများ၏ ပဓာနအာဘော်(Theme) အလိုက်အကောင်အထည်ဖော်ဆောင် ရွက်မှုများအပေါ်ဆွေးနွေးခြင်း တို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့သည်။
အလားတူ Dialogue Partners နှင့် Sectoral Bodies များနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ သြစတြေးလျပြည်သူ့ဝန်ထမ်းကော်မရှင်၏ ကော်မရှင်နာမှ ပြည်သူ့အုပ်ချုပ်မှု ကဏ္ဍမှကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုအလား အလာများကို ရင်ဆိုင် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖလှယ်ခြင်းနှင့် လေ့ကျင့်သင်တန်း ပေးခြင်း ကိစ္စရပ်များ အပေါ် အတွေ့အကြုံများ ဖလှယ်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ တည်ထောင်ထားရှိသည့် အာဆီယံလူ့စွမ်းအား ဗဟိုဌာနများ၏ ဆောင်ရွက်မှုများမှ တစ်ဆင့်အသိပညာမျှဝေမှု ကွန်ယက်များ ခိုင်မာအားကောင်း လာစေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်နှင့်အညီ တက်ကြွဖျတ်လတ်သော နိုင်ငံ့ဝန်ထမ်း များပေါ် ထွက်လာစေရေးအတွက် အခြားဆက်စပ် ပါဝင်သူများအားလုံး ပူးပေါင်း၍ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်စေရေး ရည်မှန်းဆောင်ရွက်မည့် ဒစ်ဂျစ်တယ် စီးပွားရေးခေတ်နှင့်အညီ တက်ကြွဖျတ်လတ်သော နိုင်ငံ့ဝန်ထမ်းကဏ္ဍဖြစ်ပေါ် လာစေရေးအရှိန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံကြေညာ ချက် (ASEAN Statement on Promotion of Good Governance and Acceleration of an Agile Civil Service in a Digital Economy)” ကို အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းအကြီး အကဲများက လက်မှတ် ရေးထိုး ထုတ်ပြန်ကြေညာခြင်း တို့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများမှ ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံသို့ သွားရောက်တွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment