နေပြည်တော် ဇူလိုင် ၃၀
ကိုရီးယားသမ္မတနိုင်ငံ Korean Broadcasting System, National Public
Broadcaster of Korea ရုပ်သံ လိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင်
ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးတွင် ကလေးများအား ကျန်းမာရေး
စောင့်ရှောက်မှု မှတ်တမ်းရိုက်ကူးသည်။
အဆိုပါအဖွဲ့သည် ယမန်နေ့က လှည်းကူးမြို့ မေဃ၀တီ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ School Wash Training အမည်ဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် လက်ဆေးခြင်း၊ သွားတိုက်ခြင်း ပညာပေး အစီအစဉ်များနှင့် ကျောက်အိုင်ကျေးရွာ တွင် ယင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဦးရန်နိုင်ဆွေနှင့် အဖွဲ့ ကွင်းဆင်းကုသနေပုံများကို ရိုက်ကူးခဲ့ ကြောင်း ၊ ဇူလိုင် ၃၁ ရက်တွင် လှည်းကူးမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် သက်ကြီးရွယ်အိုများကို ဆေးစစ်ခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု ပြုလုပ်ခြင်းများကို ဆက်လက် ရိုက်ကူးမည်ဖြစ်သည်။
ထိုသို့ရိုက်ကူးရာတွင် Korea Foundation For International Healthcare Myanmar Office (kofih) အစီ အစဉ်ဖြင့် ဆေးကုသနေပုံများ၊ (kofih) မှ လှူဒါန်းထားသည့် ပစ္စည်းများဖြင့် ကလေးများ၏ ကျန်းမာရေးအတွက် အသုံးချနေပုံများ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် နေထိုင် မှုပုံစံနှင့် ကျန်းမာရေး အလေ့အကျင့်များ ဆောင်ရွက် နေမှုများကို အဓိကရိုက်ကူး ခြင်းဖြစ်ပြီး ၎င်းအစီအစဉ်ကိုKorean Broadcasting System, National Public Broadcaster of Koreaရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(FDC)

No comments:
Post a Comment