နေပြည်တော် ဇူလိုင် ၃၀
အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့်
အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌ H.E.Mr. Narendra Damodardas Modi အား
ယမန်နေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်၏ အိမ်တော်၌
သွားရောက် ဂါရ၀ပြုတွေ့ဆုံသည်။ တိုးမြှင့်ဆောင်ရွက်သွားမည်
ထိုသို့တွေ့ဆုံရာတွင် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် ရေး ကိစ္စရပ်များအား ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ မြန်မာ့တပ်မတော်စွမ်းရည် တိုးတက် မြင့်မား ရေး အတွက် ဆက်လက် တိုးမြှင့်ကူညီပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သီးခြားစီတွေ့ဆုံ
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E.Mr. Ajit Kumar Doval ၊ ဒုတိယ ကာကွယ်ရေးဝန်ကြီး Mr. Shri Shripad Yesso Naik ၊ အိန္ဒိယတပ်မတော် ကြည်းတပ် ဦးစီးချုပ် General Bipin Rawat ၊ အိန္ဒိယ တပ်မတော်ရေတပ် ဦးစီးချုပ် Admiral Karambir singh တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးတိုးတက်ခိုင်မာ အောင် ဆက်လက် လုပ်ဆောင် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံ၏ Act East Policy အရ မြန်မာ နိုင်ငံ အနေဖြင့် အိမ်နီးချင်းမိတ်ဆွေ ကောင်း ပီသစွာဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ အိန္ဒိယ သမုဒ္ဒရာလုံခြုံရေး အတွက် ဆက်စပ်လျက်ရှိသည့် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေ အနေများကို ဆွေးနွေး ပြောကြား ခဲ့ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa က Akash Off icers Mess တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
လေ့လာကြည့်ရှု
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် Ghaziabad မြို့ရှိ Bharat Electronics Limited (BEL) သို့ သွားရောက်လေ့လာကြည့်ရှုကြ သည်။
အဆိုပါ Bharat Electronics Limited(BEL) ကို အိန္ဒိယနိုင်ငံ Bangalore မြို့၌ ၁၉၅၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကာကွယ်ရေး ဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့် အပြင် အခြား အီလက်ထရွန်နစ် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်လျက်ရှိ ကြောင်း၊ အိန္ဒိယနိုင်ငံတွင် စက်ရုံ ပေါင်း ကိုးခုရှိပြီး ပြည်ပနိုင်ငံများ၌ လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိကာ ဆက်သွယ်မှုကွန်ရက် လုံခြုံရေး၊ မြေပြင်၊ ဝေဟင်နှင့် ရေကြောင်း ပိုင်နက် လုံခြုံရေး တို့တွင် လိုအပ်သည့် စက်ကိရိယာများနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်လျက် ရှိ ကြောင်း သိရှိရသည်။
ဗာရာဏသီမြို့သို့ ထွက်ခွာ
ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အိန္ဒိယတပ်မတော် အထူး လေယာဉ်ဖြင့် နယူးဒေလီမြို့မှ ဗာရာဏသီမြို့ သို့ ထွက်ခွာကြပြီး ဗာရာဏသီမြို့ Lal Bahadur Shastri လေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယတပ်မတော်မှ Brigadier Hukum Singh Bainsla, SM နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:
Post a Comment