နေပြည်တော် ဇူလိုင် ၃၀
မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် Royal President Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ
ဒုတိယဥက္ကဋ္ဌ(၁) လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများနှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူ၊ မသန်စွမ်း အဖွဲ့ အစည်း များနှင့် ပူးပေါင်းဆောင်ရွက် ချက်များသည် တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊
မသန်စွမ်းသူ များနှင့် ပတ်သက်၍ မသန် စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်
နည်းဥပဒေ ကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသား ကော်မတီ၊ လုပ်ငန်း ကော်မတီနှင့်
မသန်စွမ်းများအတွက် ကဏ္ဍအသီးသီးတွင် ဆောင်ရွက် မည့် ဆပ်ကော်မတီရှစ်ခုကို
ဖွဲ့စည်း ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ အတွက် အခွင့်အရေးဖော်ဆောင်ရာတွင်
မသန်စွမ်းတစ်ဦးချင်းစီ၏ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန်
မသန်စွမ်းမှုအမျိုးအစားအလိုက် စေတနာထား ဆောင်ရွက်ရန် အလွန် အရေးကြီးပါကြောင်း။
မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှုအဆင့် ခွဲခြားခြင်းသည်
မသန်စွမ်းတစ်ဦးချင်းစီ၏ မသန်စွမ်းမှု အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်
ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် ခိုင်မာ သည့်
ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂ မိတ်ဖက်အဖွဲ့ အစည်းများ၊
ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်သူလူထု၊
မသန်စွမ်းသူများအရေးကို တက်ကြွ စွာဆောင်ရွက်နေသော မသန် စွမ်း အဖွဲ့
အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ
ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ တရားမျှတမှုရရှိပိုင်ခွင့်ဆိုသည်မှာ ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ်များပါရှိ သည့်အတွက် ခက်ခဲနက်နဲ ပါကြောင်း၊ UNCRPD တွင် လူပုဂ္ဂိုလ်လွတ်လပ်မှုနှင့်လုံခြုံမှု၊
မသန်စွမ်းသူများ၏ တရား မျှတမှုရရှိပိုင်ခွင့်ကို တရားခွင်တွင် တရားလို၊
တရားခံ၊ သက်သေအဖြစ် ရင်ဆိုင်ဆောင်ရွက်နိုင်ရန် အထောက် အပံ့အကူအညီများ၊
စာနာမှုများ၊ ဖြည့်ဆည်း ပေးနိုင်ရန် ကဏ္ဍ အသီးသီးတွင် လိုအပ်ပါကြောင်း၊ တရား
ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရပိုင်ခွင့်ကို မြှင့်တင်ရန်
မသန်စွမ်းများနှင့် လူသားအားလုံး ပါဝင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
မသန်စွမ်းကလေးသူငယ်များနှင့်
ပတ်သက် ၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း
ဆိုင်ရာအကြမ်းဖက်မှုများ ရှိသည့်အတွက် ခေါင်းပုံဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊
အလွဲသုံးခြင်းများမှ အကာ အကွယ်ပေးသည့် အချက်ကို ဥပဒေတွင် ကဏ္ဍတစ်ခုအနေဖြင့်
ထည့်သွင်း ထားပါကြောင်း၊ မသန်စွမ်း များအတွက် အတားအဆီးကင်းသည့် လူ့အဖွဲ့
အစည်း တစ်ရပ်ဖြစ်ပေါ်ရေး ဆောင်ရွက်ရာတွင် တက်ရောက် လာကြသူများ အားလုံးက
တရားမျှတမှုရရှိပိုင်ခွင့်နှင့်ပတ်သက်၍
ဝိုင်းဝန်းဆွေးနွေး အကြံပေး ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ
ချမှတ်ဆောင်ရွက်ရာတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း
ပြောကြား သည်။
ဆက်လက်၍ Voluntary Services Overseas မှ
တာဝန်ရှိသူ တစ်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ပြန်လည်
ထူထောင် ရေးဦးစီးဌာနနှင့် Voluntary Services Overseas တို့မှ
တာဝန်ရှိသူများက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် မသန်စွမ်း
သူများအတွက် တရားမျှတမှု ရရှိပိုင်ခွင့်ဆိုင်ရာ သဘော တရားတို့ကို
ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို
နှစ်ရက်တာ ကျင်းပခြင်းဖြစ်ပြီး တရား မျှတမှုဆိုင်ရာသဘောတရား၊ အရေးကြီး
ပုံနှင့် ဥပဒေရေးရာမူဘောင်၊ မသန်စွမ်း သူများတရားမျှတမှု
ရရှိပိုင်ခွင့်အတွက် ကြုံတွေ့နေရသော အတား အဆီးများ၊
အခက်အခဲများကိုဖယ်ရှားရန် နည်းလမ်းများ၊ အလေ့အကျင့်ကောင်းများ၊
အားနည်းချက်၊ အားသာ ချက်တို့ကို ဆွေးနွေးခြင်းအပြင် မသန်စွမ်းအမျိုးသမီး
များအတွက် တရားမျှတမှု ရရှိပိုင်ခွင့်၊ မသန်စွမ်း အမျိုး သမီးများအပေါ်
ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ
ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နည်းလမ်း များ၊ မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်အတွက် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment