Wednesday, July 31, 2019

အမျိုးသားလွှတ်တော် မြန်မာ-တရုတ်လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်း တရုတ်နိုင်ငံ ရှန်းယန်မြို့တော် ဝန်နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၃၀

အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တော်ဝန် Mr.Qie Yingcai နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် (J) ဆောင် Talk Room ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment