Wednesday, July 31, 2019

(၆)ကြိမ်မြောက် ငွေကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲတွင် ငွေကျပ်သန်းပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ ရောင်းချနိုင်ခဲ့


နေပြည်တော် ဇူလိုင် ၃၀
(၆)ကြိမ်မြောက် ငွေကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့ ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ ဩဂုတ် ၁ ရက် နံနက် ၈ နာရီမှ စတင်၍ တစ်ရက်တည်းဖြင့် အပြီး ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

(၆)ကြိမ်မြောက် ငွေကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲတွင် (က”အက္ခရာမှ “အ”အက္ခရာ အထိ၊ ကက အက္ခရာမှ ကဂ အက္ခရာ အထိ) စုစုပေါင်း အက္ခရာ လုံး ရေ ၃၆ လုံး၊ ထီစာအုပ်ပေါင်း ၂၉၄၅၄၄၈ အုပ်ကို ထီထိုးသူများ ကံစမ်း နိုင်ရန် အတွက် ထုတ်ဝေရောင်းချခဲ့ရာ ကုန်စင်အောင်ရောင်းချခဲ့ပြီး ထီလက်မှတ်စာအုပ် ရောင်းရငွေမှာ ငွေကျပ် သန်းပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ ဖြစ်ရာ ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့် ငွေပေါင်း မှာ ငွေကျပ်သန်းပေါင်း ၁၇၆၇၂ ဒသမ ၆၈၈ ဖြစ်သည်။
အဆိုပါ ထီဖွင့်ပွဲတွင် ဆုငွေများအဖြစ် အထူးဆုကြီးစနစ်မှ ငွေကျပ်ကျပ် သိန်းတစ်သောင်းငါးထောင် တစ်ဆု၊ ငွေကျပ်သိန်းတစ်သောင်း တစ်ဆု၊ ငွေကျပ် သိန်းငါးထောင် နှစ်ဆု၊ ငွေကျပ်သိန်းနှစ်ထောင် သုံးဆု၊ ငွေကျပ် သိန်းတစ်ထောင် ခြောက်ဆုတို့ဖြစ်သည်။ ထို့ပြင် ဆုတစ်ဆုချင်းစနစ်မှ ငွေကျပ်သိန်းငါးရာ၊ ငွေကျပ်သိန်းနှစ်ရာ၊ ငွေကျပ် သိန်းတစ်ရာ၊ ငွေကျပ်သိန်းငါးဆယ်၊ ငွေကျပ် သိန်းနှစ်ဆယ်၊ ငွေကျပ်ဆယ်သိန်း၊ ငွေကျပ် ငါးသိန်း တို့ဖြစ်ပြီး ဝေဝေဆာဆာ ပဒေသာဆုမဲများဖြစ်သည့် ငွေကျပ်သုံးသိန်း၊ ငွေကျပ်နှစ်သိန်း၊ ငွေကျပ် တစ်သိန်းနှင့် ငွေကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်း ဆုငွေကျပ်သန်း ၂၅၀ မှ ဆုမဲ များကို ဆုတစ်ဆုချင်း ဆုမဲများအနေ ဖြင့် ငွေကျပ်ဆယ်သိန်း လေးဆု၊ ဝေဝေဆာဆာ ဆုမဲများအနေဖြင့် ငွေကျပ် သုံးသိန်း နှစ်ယူနစ် ၂၀ ဆု၊ ငွေကျပ်နှစ်သိန်း နှစ်ယူနစ် ၂၀၀ ဆုနှင့် ငွေကျပ်တစ်သိန်း နှစ်ယူနစ် ၂၀၀၀ ဆုတို့ အား (၆)ကြိမ်မြောက် ငွေကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲတွင် ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်သည့် ကံထူးရှင်များအနက် ငွေကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များအား ဩဂုတ် ၂ ရက်မှ စတင်၍ နေ့ချင်းပြီး ဆုငွေ ထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား ဩဂုတ် ၁၂ ရက်မှ စတင်၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထီဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ် လွှဲစာဖြင့် ဖြစ်စေ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ရုံးများတွင် ထုတ်ယူနိုင်ပြီး ငွေကျပ်ဆယ်သိန်းနှင့်အောက် ဆုငွေများ ကို အောင်ဘာလေသိန်းဆုဌာနခွဲရုံးများအပြင် ရန်ကုန် တိုင်းဒေသကြီးပြင်ပရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူ နိုင်ကြောင်း သိရသည်။
မောင်လူမော်

No comments:

Post a Comment