ရန်ကုန် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သည် ရေလမ်းခရီးသာများပြီး
ကုန်းလမ်းရှားပါးသော ခရိုင်တစ်ခု ဖြစ်သည်။ ခရိုင်ကို ရေလယ်ကျွန်းပေါင်း အများအပြားဖြင့်
ဖွဲ့စည်းထားလျက်ရှိရာ ထိုရေလယ်ကျွန်း များထဲတွင် ကျွန်းစုမြို့နယ်သည်တစ်ခု အပါအဝင်ဖြစ်သည်။
ယခုအခါ ရေလမ်းခရီးကိုသာ အားထားနေရသည့် ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်ကို ဆက်သွယ်ပေးမည့်
မင်းသန်း - မောင်းလှော် မြစ်ကူးကျေးလက်တံတားကို တည်ဆောက်လျက်ရှိသည်။
အဆိုပါတံတားမှာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်
မြိတ်မြို့နယ် မြိတ်-တနင်္သာရီကားလမ်း မိုင်တိုင် (၂၀/၂)အနီးရှိပြီး တံတားအရှည်မှာ ၂၀၉၉
ဒသမ ၈၄ ပေရှိသည်။ တံတား အမျိုးအစားမှာ အုတ်မြစ် Bored Pile၊ ကိုယ်ထည် RC Concrete၊
အပေါ်ထည် RC Girder, P.C Girder, Steel Box Girder & RC Decking ဖြစ်ကြောင်း၊ ယာဉ်သွားလမ်းအကျယ်
၂၂ ပေ နှစ်လမ်းသွား၊ ရေလမ်း ကင်းလွတ်ခွင့်အကျယ် ၁၆၄ ပေ၊ ရေလမ်း ကင်းလွတ်ခွင့် အမြင့်
၂၆ ဒသမ ၂၄၈ ပေ၊ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ အဆိုပါကုန်ကျငွေများကို
ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့က ပူးပေါင်း
ခွင့်ပြုပေးသွားမည်ဟု သိရသည်။
အဆိုပါ ကျေးလက်တံတားကြီး မင်းသန်း-မောင်းလှော်
ပြီးစီးသွားပါက တံတားတစ်ဖက်ကမ်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု
ခုနစ်အုပ်စုမှ ကျေးရွာပေါင်း ၄၀၊ လူဦးရေ ၃၅၀၀၀ တို့အတွက် မြိတ်မြို့သို့ ကားများဖြင့်
တိုက်ရိုက် ကူးသန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခရမ်း-စိုးမြင့်

No comments:
Post a Comment