နေပြည်တော် မေ ၈
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်
Asean Work Plan on Sports 2016-2020 Mid-Term Review Validation Workshop အစည်းအဝေးအား
မေ ၇ ရက် နံနက် ၉ နာရီ Kempinski Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် တက်ရောက်၍ အစည်းအဝေး သဘာပတိ အဖြစ်ဆောင်ရွက်ကာ အမှာစကား
ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်ခေါင်းဆောင်
အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များ၊
အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံရုံးချုပ်မှ အားကစားဆိုင်ရာ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က
အာဆီယံ ၁၀ နိုင်ငံ အားကစားလှုပ်ရှားမှုများအား တိုးမြှင့်လုပ်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံးတွင်
အတား အဆီးမရှိ ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်ပါကြောင်း၊ ယနေ့ အစီအစဉ်အရ
အာဆီယံနိုင်ငံများတွင် အားကစားရည်မှန်းချက် ၂၀၁၆-၂၀၂၀ ကာလအတွင်း နှစ်ဝက် ပိုင်းကာလ၏
အရေးပါသည့် အားကစား လုပ်ဆောင်ပြီးစီးမှုများ၊ လုပ်ဆောင်ရန်ကျန်ရှိမှုများ အကြောင်းအရာများစွာကို
ဆွေးနွေးမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသများကြားတွင် အားကစားကဏ္ဍအား တိုးမြှင့်လုပ်ဆောင်
ရေးအတွက် အရေးပါသည့် အကြောင်းအရာ များနှင့် လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများအပေါ်တွင်
အမြင်ချင်းဖလှယ် ဆွေးနွေးမှုပြုလုပ်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသော
အာဆီယံ ၁၀ နိုင်ငံ ကိုယ်စားလှယ် များက အာဆီယံ ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပရေးကိစ္စရပ်များ၊
နည်းပြများအား သက်ဆိုင်ရာသင်တန်းများပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံကျောင်းသား
အားကစား သမားများအတွက် စေတနာ့ဝန်ထမ်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊
ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာ ထိန်းသိမ်းခြင်း
ဆိုင်ရာ သင်တန်းကိစ္စရပ်များ၊ ရိုးရာအားကစားပွဲဆိုင်ရာအပြင် အခြားသော အစည်းအဝေးနှင့်
ညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံကဲ့သို့သော အခြား အာဆီယံ မဟုတ်သည့်နိုင်ငံများနှင့်
ဆက်သွယ်ခြင်းနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံနိုင်ငံအတွင်း
အားကစားသံတမန်များနှင့် အားကစားစံပြများ ခန့်အပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
အဆိုပါ အစည်းအဝေးကို မေ ၇ ရက်မှ ၉ ရက်အထိ
Kempinski Hotel ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment