နေပြည်တော် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ
သံအမတ်ကြီး H. E. Mr. John Nielsen နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး
H.E. Mr. Tim Enderlin တို့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်
ဒိန်းမတ် - မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သည့် ရေရှည်တည်တံ့စေသော ကမ်းရိုးတန်း
ငါးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၀)၏ ယခု နှစ်နှစ်ခွဲကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်
ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ စီမံကိန်းကျေးရွာများတွင် စီမံကိန်း၏ မျှော်မှန်းရလဒ်နှင့်အညီ
ကျေးရွာ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အထောက်အပံ့ဖြစ်သော အစားအစာဘေးကင်းလုံခြုံရေးနှင့်
သန့်ရှင်းမှုဆိုင်ရာ သင်တန်းများပို့ချပေး နေမှု၊ ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း
စီစဉ်ဆောင်ရွက်ပေးမှုကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့်
တွေ့ဆုံစဉ် မြန်မာ့လယ်ယာ ကဏ္ဍတွင် စက်မှုလယ်ယာအသွင်ကူးပြောင်းမှု ပိုမိုပီပြင်စေရေး ပူးပေါင်းဆောင်ရွက်ရန်
ကိစ္စရပ်များ၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေးနှင့် ဆွစ်ဇာလန်နိုင်ငံ
ဂျီနီဗာမြို့ အခြေစိုက်အဖွဲ့ဝင် နိုင်ငံဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ နည်းပညာဆိုင်ရာ
သင်တန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment