မန္တလေး မေ ၂
ပြည်ထောင်စုနယ်မြေ
နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင်
ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွား တော်များ၊
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့သည် မုံရွာမြို့မှ
မန္တလေးမြို့သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဒေသစာရီကြွချီ
အပူဇော်ခံရန် ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာများ၊
မဟာမုနိဘုရားဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် ဒါယကာ၊
ဒါယိကာမများကမန္တလေးမြို့ မဟာမုနိ ဘုရားကြီးတွင် ဖူးမြော်ကြိုဆိုကြသည်။
မန္တလေးမြို့
မဟာမုနိဘုရားကြီးသို့ ဒေသစာရီကြွချီလာပြီး အပူဇော်ခံ
ထားရှိမှုနှင့် ပတ်သက်ပြီး မန္တလေး တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
"ငြိမ်းချမ်း ရေးဟာ
ကျွန်တော်တို့နိုင်ငံအတွက် အများကြီးလိုအပ်နေတဲ့အရာ
ဖြစ်ပါ တယ်။ ငြိမ်းချမ်း ရေးကိစ္စကို အစိုးရက ဆောင်ရွက်နေတာက
တစ်ပိုင်း၊ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်တဲ့ ဘာသာရေးပိုင်းက ဆောင်ရွက်တာကလည်း
ရှိသင့် ရှိထိုက် ရှိအပ်တဲ့ အရာဖြစ်ပါတယ်။
အခုလိုမြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ တည်ထား ကိုးကွယ်မယ့်
ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူမယ့်
ဗုဒ္ဓဆင်းတု တော် တွေ ကျွန်တော်တို့ မြို့ကို လာရောက်ပြီး အပူဇော်ခံတဲ့အတွက်
အများကြီးဝမ်းသာ ကြည်နူးဖြစ်မိပါတယ်" ဟု မုဒိတာစကား ပြောကြားသည်။
မဟာမုနိ
ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းကလည်း
"ငြိမ်းချမ်းရေးစေတီ ဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့ အမည် နာမဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့
ပြည်နယ် တွေကို လှည့်လည်အပူဇော်ခံတဲ့အတွက် ငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေး
အတိတ်နိမိတ်ကောင်းတွေ ရရှိမယ်လို့ယုံကြည် ပါတယ်။ အခုလို
မန္တလေးမှာ လာရောက်အပူဇော်ခံတဲ့အတွက် ကျွန်တော် တို့ဂေါပကအဖွဲ့နေနဲ့ အများကြီး ၀မ်းသာမိ
ပါတယ်။ စေတီတော်ရဲ့ ဘွဲ့တော်အတိုင်း မြန်မာနိုင်ငံမှာ
ထာဝရငြိမ်းချမ်းရေး ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟုပြောသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင်
ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်နှစ်ဆူ၊ ရတနာ စိန်ဖူးတော်၊
ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် မေ ၂
ရက်မှ ၇ ရက် နံနက်ပိုင်းအထိ အပူဇော်ခံ ထားရှိမည်ဖြစ်ပြီး မေ ၃ ရက်တွင် ဆရာတော်
အရှင်ဆန္ဒာဓိက က မဟာမုနိ ဘုရားကြီးဝင်းအတွင်း ငြိမ်းချမ်း ရေးတရားတော်
ဟောကြားချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူရ၊
ဟန်လင်းနိုင်

No comments:
Post a Comment