Thursday, May 2, 2019

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့်တင်ခြင်း ဆိုင်ရာ ကဏ္ဍစုံမှပါဝင် ပတ်သက်သူများ၏ဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ မေ
မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းများ၏အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့် တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ် သက်သူများ၏ ဆွေးနွေးပွဲကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ ယနေ့နံနက် ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှ စပြီး ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ စတင်လျှောက်လှမ်းခဲ့ရာ ယခုအစိုးရ လက်ထက်တွင် ဒီမိုကရေစီအကူးအပြောင်း ပိုမို ပီပြင်စေရန် နှင့် အမြစ်တွယ်နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲ များ၊ စိန်ခေါ်မှုများ စွာကို ရင်ဆိုင်နေရသော်လည်း ပြည်သူများ ၏ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ကျော်လွှားဆောင် ရွက်လျက်ရှိပါကြောင်း၊ လူတစ်ဦး ချင်းစီ၏ အခွင့်အရေး များကို ဖေါ်ဆောင်ပေး နိုင်ရန် လိုအပ်သော ဥပဒေများကို လွှတ်တော်က ပြဋ္ဌာန်းပေးလျက်ရှိပြီး အစိုးရက ထိရောက်စွာ အကောင်အထည်ဖေါ်ပေးရပါကြောင်း၊ မသန်စွမ်းသူ များအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေး တန်းတူရရှိရေးနှင့် ကဏ္ဍအသီးသီးတွင် ပါဝင် စွမ်းဆောင်နိုင်ရေးတို့ကို အစိုးရက အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မသန်စွမ်းသူ များအတွက် အမှန်တကယ် အပြောင်းအလဲများကို ဖော်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူ ဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားများအရ ဦးရေ နှစ်သန်းခွဲခန့်ရှိသော မသန်စွမ်းသူ များ ၏ ပါဝင်စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း တွင် မသန်စွမ်းသူများသည် အင်အားစုတစ်ရပ်အဖြစ် အကျိုးပြုပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီ ဥက္ကဋ္ဌ ဦးသိန်းလွင်က မြန်မာ့ ဒီမိုကရေစီအကူး အပြောင်းတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း အတွက် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မသန် စွမ်းသူ များရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။
အဆိုပါဆွေးနွေးပွဲအား (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့် အရေးနှင့် အကျုံး ဝင်မှုအတွက် နိုင်ငံတော်အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များ၊ မသန်စွမ်းသူများ၏ လိုအပ်ချက်များနှင့် ပတ် သက်ပြီး Online မှ စစ်တမ်းကောက် ယူထားသည့် အချက်အလက်များ တင်ပြ ခြင်း၊ ဒီမိုကရေစီအကူးအပြောင်း ကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းလူထုအတွက် အဓိက ဆောင်ရွက် ပေးသင့်သည့် နယ်ပယ်ကဏ္ဍများ၊ ၂၀၂၀ ပြည်လုံး ကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံရေး ပါတီများ၊ တစ်သီးပုဂ္ဂလကိုယ် စားလှယ် များအနေဖြင့် မသန်စွမ်းလူထု အတွက် ဦးတည်ပြင်ဆင် ဆောင်ရွက်သင့်သည့် အစီအမံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ မူဝါဒချမှတ်မှုများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် မသန်စွမ်းအသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် အကျုံးဝင်ပါဝင်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment