စစ်တွေ
မေ ၂
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး Ambassador Mr.David Hale နှင့်အဖွဲ့ သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့
ရောက်ရှိသည်။
ယင်းနောက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည်
စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်၊ မဒ္ဒရာ ဆာအိစ္စလာမီယာစာသင်ကျောင်းတွင်
အောင်မင်္ဂလာ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ဦးရွှေလှဦးဆောင်သော
အမျိုးသား၊ အမျိုးသမီးများနှင့် တွေ့ဆုံပြီးသိရှိလိုသည်များကို မေးမြန်းဆွေး နွေးသည်။
ထို့နောက်
ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်သို့
သွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော် လှ၊
ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့နှင့်တွေ့ဆုံပြီး အစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံသား
ဖြစ်မှုကိစ္စနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော
တိုက်ပွဲများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာဆွေးနွေး
အဖြေရှာရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ညနေပိုင်းတွင်
ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ နေပြည်တော်သို့
ထွက်ခွာ သွားကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး Ambassador Mr.David Haleနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိ ကန် သံအမတ်ကြီး H.E
Mr.ScotMarciel နှင့်
တာဝန်ရှိသူများ လိုက်ပါ လာကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:
Post a Comment