Thursday, May 2, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အခြေအနေ နှင့် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်ရှိ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧပြီ ၃၀ရက် ညနေပိုင်းတွင် ရှမ်းပြည် နယ် (တောင်ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေနှင့် ကလောမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ကလောပင်မ ဓာတ်အားခွဲရုံသို့လည်းကောင်း မေ ၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် ဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူး ပေးထားမှုနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စစ်ဆေးထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှု တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ(တောင်ကြီး)မှ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ နှစ်အလိုက်အမြင့်ဆုံး သုံးစွဲမှုဝန်အား အခြေ အနေ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေးဆောင်ရွက် လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အစီ အစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းများအား သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားရန်၊ လုပ်ငန်း များဆောင်ရွက်ရာတွင် သတ်မှတ် ဝတ်စုံများဝတ်ဆင်၍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျစီမံ ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ သုံးပစ္စည်း များအား အရည်အသွေးပြည့်မီ သည့်ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ် တောက်မှု လျော့နည်းကျဆင်းစေရေး အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်း များနှင့် ဓာတ်အားလိုင်းများကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ ထိန်း သိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင် ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တင်ပြပြီးဓာတ်အားပြတ်တောက် ချိန်အနည်းဆုံးနှင့် ပြည်သူလူထု အပေါ် ထိခိုက်မှုအနည်း ဆုံး ဖြစ်စေရေး အလေးအနက် ထားဆောင်ရွက်သွားရန်နှင့် ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်နိုင်သည့်အခြေအနေတို့မှ ကာ ကွယ်နိုင်ရေးကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားပြီး ဓာတ်အားခွဲရုံများရှိဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ် ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment