Monday, May 6, 2019

ပြည်သူ့အသက်အိုးအိမ်ဆုံးရှုံးမှုနှင့် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ် ပါက ကူညီကယ်ဆယ်ဆောင်ရွက် ပေးသည့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့




ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ပေါ်ပေါက်သည့်အခါ အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသည်မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။







မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ရည်မှန်းချက်တာဝန် (၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသူများ ဖြစ်သည်။

(၇၃) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက်က ရန်ကုန်နှင့် နေပြည်တော်၌ ကျင်းပခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် များ၏ စစ်ရေးပြမှု၊ သရုပ်ပြမီးငြှိမ်းသတ်မှုအမျိုးမျိုးတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

သတင်းအဖွဲ့

No comments:

Post a Comment