Tuesday, April 16, 2019

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ



နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မဟာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် အဆိုပါ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး၊  နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီဝင်များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် သင်္ကြန်ချစ်သူ များတက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ကပြဖျော်ဖြေခဲ့ ကြသည့် ယိမ်းအကအဖွဲ့များက မဏ္ဍပ်ရှေ့မျက်နှာစာတွင်နေရာယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က နှုတ်ခွန်းဆက်စကား ပြောကြားပြီး နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ပိတ်သိမ်းကြောင်းကြေညာကာ ၀န်ကြီးဌာနများမှယိမ်းအက အဖွဲ့များက မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။

(သတင်းစဉ်)

No comments:

Post a Comment