Thursday, April 18, 2019

ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အားသွန်ခွန်စိုက် ဆောင်ရွက်၍ နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်သွားမည့် နေပြည်တော်ကောင်စီ




ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ် ငန်းများကို အားကြိုး မာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံး ကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရ ဆဲလုပ်ငန်းစဉ်များ ဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလ အတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။


နေပြည်တော်ကောင်စီသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသော မူဝါဒများကိုအခြေခံ၍ ခေတ်မီဖွံ့ ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည် ဆောက်နိုင်ရေး အတွက် ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ နေပြည်တော် ကောင်စီနှင့် ဌာနဆိုင်ရာအသီးသီးမှ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို ရရှိသော ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

“နေပြည်တော်ကောင်စီအနေနဲ့ တတိယ (၁)နှစ်တာကာလအတွင်း မိမိတို့ တာဝန်ယူရတဲ့ ဒေသဖွံ့ ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေး တို့ကိုတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ရည်မှန်းချက်ဖြစ်သော ဒေသဖွံ့ ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက်သောက်သုံးရေ ဖူလုံစွာ ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားမှုဆိုင်ရာ အခွင့်အရေးများ ကျေးလက်အထိ ရရှိရေးအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရန်၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ အကာအကွယ်ပေးမှုများကို ပြည်သူများအပြည့်အဝခံစားခွင့်ရရှိရန်နှင့် နေပြည်တော်ကို အနာဂတ်မျှော်မှန်းချက်များ ရွေးချယ်သတ်မှတ်ပြီး မြို့ပြဖွံ့ ဖြိုးတိုးတက်ရေး မူဝါဒများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စသည်တို့ကို အလေးထားဆောင်ရွက် လျက်ရှိသည်။

နေပြည်တော်အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများအနေဖြင့် အစိုးရသက်တမ်း (၃) နှစ်တာကာလ အတွင်း နှစ်အလိုက်လုပ်ငန်းများကို ကဏ္ဍအလိုက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေနှင့် ဒေသအစီအစဉ် အလှူရှင် များ၏ အလှူငွေ များဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် အစိုးရ (၁)နှစ်တာကာလတွင် လုပ်ငန်း ပေါင်း ၁၄၃၁ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၄၁၆၃၂ ဒသမ ၂၄၇ သန်းနှင့် ဒုတိယ (၁)နှစ်တာကာလတွင် လုပ်ငန်းပေါင်း ၁၃၉၂ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၄၂၄၆၄ ဒသမ ၅၅၅ သန်းတို့ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

လက်ရှိအစိုးရ၏ တတိယ (၁)နှစ်တာ ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၀/ ၂၀၁၈ ဖြင့် သဘောတူခွင့်ပြုချက် အရ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း အကောင်အထည်ဖော်မှုနှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အကောင် အထည်ဖော် ဆောင်ရွက်မှုများမှာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ နေပြည်တော်ကောင်စီရန်ပုံငွေနှင် ဒေသအစီအစဉ် အလှူရှင်များမှ လှူဒါန်းခဲ့သည့် လုပ်ငန်းပေါင်း ၆၁၂ ခုကို ငွေကျပ်သန်းပေါင်း ၈၀၆၄ ဒသမ ၀၄၅ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေနှင့် ဒေသအစီအစဉ် အလှူရှင်များမှ လှူဒါန်းသည့် လုပ်ငန်းပေါင်း ၁၂၆၇ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၈၂၇၂၄ ဒသမ ၆၆၆ သန်း ခွင့်ပြုခဲ့သဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေနှင့် ဒေသအလှူရှင်များ၏ အစီအစဉ်ဖြင့် လုပ်ငန်းပေါင်း ၁၀၆ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၅၄၉၂ ဒသမ ၆၇၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းမှ အမက (ခွဲ)သို့ ငါးကျောင်း၊ အမက(ခွဲ)မှ အမကသို့ ၁၄ ကျောင်း၊ အမကမှ မူလတန်းလွန်သို့ ၂၇ ကျောင်း၊ မူလတန်းလွန်မှ အလက(ခွဲ)သို့ ကျောင်း ၂၀၊ အလက(ခွဲ)မှ အလက သို့ ၂၁ ကျောင်း၊ အလကမှ အထက(ခွဲ)သို့ လေးကျောင်း၊ အထက(ခွဲ)မှ အထကသို့ လေးကျောင်းဖြစ်ပြီး အခြေခံပညာကျောင်း စုစုပေါင်း ၉၆ ကျောင်းကို အဆင့်တိုးမြှင့်ပေးနိုင်ခဲ့သည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းဆောင်ပေါင်း ၉၀ ဆောက်လုပ်နိုင်ရေး ခွင့်ပြုရန်ပုံ ငွေရရှိပြီး စာသင်ကြားမှု ပိုမိုလွယ်ကူ၍ ရေရှည်ခိုင်ခံ့ရန်အတွက် သံဖရိန်ဖြင့် စာသင်ခုံ ၁၆၁၆ ခုံကို ဖြန့်ဝေထားသည့်အပြင် ကျောင်းသား၊ ကျောင်းသူ ၂၁၇၃၀၀ ကို ပြဋ္ဌာန်းစာအုပ်များ အခမဲ့ဖြန့်ဝေပေးနိုင် ခဲ့သည်။

“ဆောက်လုပ်ပေးမယ့် ကျောင်းတွေထဲမှာ ဝေးလံခက်ခဲတဲ့ ဒေသတွေလည်း ပါဝင်မှာဖြစ်ပါ တယ်။ ဥပမာ - ပျဉ်းမနားအရှေ့ ခြမ်းတောင်ပေါ် ဒေသမှာဆိုရင် မရမ်းတောင် အထက်နဲ့ အောက်၊ အလယ်ချောင်း(ရွာမ) အလယ်ချောင်းအထက်နဲ့ ခြောက်အိမ်စု အစရှိသည့် ကျောင်းများပါဝင်သလို လယ်ဝေး၊ တပ်ကုန်းနဲ့ ဥတ္တရသီရိမြို့နယ်တွေမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့နေရာတွေက ကျောင်းတွေ မှာ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က ပြောသည်။

KG - Kinder Garden ပညာရေးစနစ် အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်ကစ၍ စတင်အကောင်အထည်ဖော် လာခဲ့ပြီး ယခုဆိုရင် ၈၀ ရာခိုင်နှုန်းခန့် အောင်မြင်မှု ရရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆိုသည်။

ကျန်းမာရေးကဏ္ဍ

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (Mini Budget)တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေ တို့ဖြင့် လုပ်ငန်းနှစ်ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၁၅ ဒသမ ၁၄၂ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော်ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေနှင့် ဒေသအလှူရှင်များ၏ အစီအစဉ်ဖြင့် လုပ်ငန်း ၂၄ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၁၇၉၅ ဒသမ ၄၂၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေပြည်တော်အတွင်းတွင် ဗဟိုအဆင့်ဆေးရုံ ခြောက်ရုံ၊ နေပြည်တော်ကု သရေးဌာနအောက်တွင် ခုတင် ၂၀၀ ဆေးရုံ တစ်ရုံ၊ မြို့နယ်အဆင် ခုတင် ၁၀၀ ဆေးရုံ နှစ်ရုံ၊ ခုတင် ၅၀ ဆေးရုံ ခြောက်ရုံနှင့် တိုက်နယ်ဆေးရုံ ၂၅ ခုတင်ဆံ့ တစ်ရုံနှင့် ၁၆ ခုတင်ဆံ့ ဆေးရုံ ခြောက်ရုံ စုစုပေါင်း ဆေးရုံ ၂၂ ရုံဖြင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းများမှာ တီဘီရောဂါ ကာကွယ်ဆေး ၉၇ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့် အသည်းရောင်အသားဝါ အဆုတ်ရောင်ကာကွယ် ဆေး ၉၇ ဒသမ ၅၇ ရာခိုင်နှုန်း၊ ပိုလီယိုကာကွယ် ဆေး (အစက်ချ) ၉၇ ဒသမ ၅၇ ရာခိုင်နှုန်း၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ၉၇ ဒသမ ၅၈ ရာခိုင်နှုန်း၊ ဝက်သက်/ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ၉၈ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ၉၁ ဒသမ ၈၁ ရာခိုင်နှုန်း၊ မေးခိုင်/ဆုံဆို့နာ ရောဂါကာကွယ် ဆေး ၉၄ ဒသမ ၁၁ ရာခိုင်နှုန်း စသဖြင့် အသီးသီး ကာကွယ်ဆေးများ ထိုးနှံနိုင်ခဲ့သည့်အတွက် နေပြည်တော်တွင် ကူးစက်ရောဂါများဖြစ်ပွားမှု မရှိခဲ့ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌထံမှ သိရသည်။

၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကို ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်တွင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း မျက်စိရောဂါဌာန၊ နားနှာခေါင်းလည်ချောင်းကုဌာန၊ အရိုးကုဌာန၊ သားဖွားမီးယပ်ဌာနနှင့် ကလေးဆေးကုဌာနတို့သည် ဥတ္တရသီရိမြို့နယ်တွင် သီးခြားအထူးကု ဆေးရုံကြီးအဖြစ် ပြောင်းရွှေ့ဖွင့် လှစ်၍ ပြည်သူများကို ကျန်းမာရေးစော င့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်အထိ ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီး လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ဆေးရုံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ ကင်ဆာဆေး ကုသဆောင်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသဆောင်၊ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကုသဆောင်စသည့် အတွင်းလူနာကုသဆောင်အသစ် သုံးဆောင် တိုးချဲ့ဖွင့်လှစ်ခြင်း၊ နှလုံးသွေးကြော ရောဂါ စမ်းသပ်ကုသခြင်းကို New Catheterization Lab စက်အသစ်ဖြင့် ယနေ့အထ လူနာပေါင်း ၇၉ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လူနာကုသဆောင်များတွင် High Depen-dency Unit(HDU) Units များ အဆင့်မြှင့် တင်မွမ်းမံခြင်း၊ ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန နှစ်ခု ဖွင့်လှစ်ခြင်း၊ ထိုင်းနိုင်ငံ Rajavithi Hospital မှ Professer Dr. Vorapot Choonhaklai ဦးဆောင်သည့် ဆီးနှင့် ကျောက်ကပ်အထူး ကုဆရာဝန်ကြီးများ နှင့်ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် Live Surgery အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ လူနာ ခုနစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးသည်။

၂၄ နာရီ အရေးပေါ်ဓာတ်ခွဲခန်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း၌ ဖွင့်လှစ်ခဲ့ပြီး စမ်းသပ်မှု ၁၄ မျိုးရရှိအောင် ဆောင်ရွက်ခဲ့ပြီး ဓာတ်မှန်ဌာနရှိ X-Ray စက်များကို Digital X – Ray စက်များအဖြစ် ပြောင်းလဲတပ်ဆင်ပြီးဖြစ်သည်။ ဆေးရုံကြီး၏ အတွင်းအပြင် သန့်ရှင်းကောင်းမွန် အောင် လျှပ်စစ်၊ ရေ၊ မီးနှင့် မိလ္လာ တို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။

ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် မှုခင်းရဲဌာနနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးဌာနတို့ကို ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းလူနာများအတွက် Guard Ward စီစဉ်ထားပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ပြင်ပလူနာ ၂၀၈၅၇၃ ဦး၊ အတွင်းလူနာ ၂၈၈၁၉ ဦးနှင့် ခွဲစိတ်လူနာ ၁၀၂၅၅ ဦး ရှိခဲ့သည်။

နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် ဆေးရုံသို့ ရောက်ရှိလာသော လေဖြတ်လူနာများကို လေဖြတ်လူနာ အထူးကြပ်မတ်ကုသခန်း ဖွင့်လှစ်ပြီး ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသို့ လာရောက်ပြသသော ပြင်ပလူနာဦးရေ ၅၀၀ ကျော်မှ ၆၀၀ ဝန်းကျင်ခန့်ရှိပြီး အဆောက်အအုံ အကျယ် အဝန်းနှင့် လူနာဦးရေမှာ မျှတမှုမရှိသည့်အတွက် လူနာများ သက်သောင့်သက်သာ နားနေ စောင့်ဆိုင်းနိုင်ရန် အခန်းကျယ်ပါသော အထူးကု ဆရာဝန်များ စမ်းသပ်ကြည့်ရှုရန် အခန်း ၂၀ ပါသည့် ပေ ၂၀၀ ×ပေ ၅၀ သံကူကွန်ကရစ် ပြင်ပလူနာတိုးချဲ့ဆောင် အဆောက်အအုံတစ်လုံး ကို တင်ဒါအောင်သော ကုမ္ပဏီနှစ်ခုဖြင့် ငွေကျပ်ကျပ် ၄၇၁ ဒသမ ၈၄၃ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။

အားကစားကဏ္ဍ

အားကစားကဏ္ဍအနေဖြင့် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ၏ အားကစားနည်း ၂၃ နည်းတွင် ပါဝင်ယှဉ်ပြိုင်ရာ ဘော်လီဘော၊ တိုက်ကွမ်ဒိုနှင့် အလေးမအားကစား နည်းများတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။

လမ်းတံတားကဏ္ဍ

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ Mini Budget တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေ တို့ဖြင် လုပ်ငန်း ၂၄၆ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၂၅၃၈ ဒသမ ၉၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်သည်။

နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ကတ္တရာလမ်း ၁၁ မိုင်ခန့်၊ ရိစာလမ်း နှစ်မိုင်နှင့် ကတ္တရာထပ်ပိုးလွှာ ပေ ၆၆၀ တို့ကို ဆောင်ရွက်ခဲ့သည်။

“ကတ္တရာလမ်း အဆင့်မြှင့်တဲ့အထဲမှာ ကျေးရွာချင်းဆက်လမ်းတွေဖြစ်တဲ့ ပျဉ်းမနားမှာ နတ်သူရဲ - ပေါစံခေါ - သစ်ဆိမ့်ပင်လမ်း၊ ရွာသစ်- ကျွန်းကုန်းလမ်းအစရှိတဲ့ ကျေးရွာချင်းဆက် လမ်းတွေကို မြို့ ပြနဲ့ကျေးလက် ကွာဟမှုနည်းနိုင် သမျှနည်းအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက “ရိစာလမ်း နှစ်မိုင်ဆိုရင် ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်ကို ဆက်သွယ်ထိစပ်နေတဲ့ ဇီးဖြူပင်ကျေးရွာနဲ့ လက်ပံခုံကျေးရွာတို့ကိ ဆက်သွယ်ပေး တဲ့လမ်း ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပြင်ထိန်း လုပ်ငန်း ၂၉ ခုကို နေပြည်တော် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် ပျဉ်းမနား မြို့နယ် အရှေ့ဘက်ရှိ တောင်ပေါ်ဒေသလမ်းများနှင့် ဥတ္တရသီရိမြို့နယ်ထဲရှိ ပျက်စီးနေသည့်လမ်းများကို ပြင်ဆင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေနှင့် ဒေသအလှူရှင်များ၏ အစီအစဉ်ဖြင့် လုပ်ငန်းပေါင်း ၆၂၄ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၃၁၈၁၄ ဒသမ ၂၆၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၁၇ ဒသမ ၅ မိုင်၊ ရိစာလမ်း ၅၅ ဒသမ ၀၅ မိုင်၊ ကတ္တရာလမ်း ၅၅ ဒသမ ၅ မိုင်၊ ကွန်ကရစ် လမ်း ၁၆ ဒသမ ၄ မိုင်တို့အပြင် အမာခံလမ်း တည်ဆောက်ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် ချဉ်းကပ်လမ်းများကို နေပြည်တော်အတွင်းရှိ ရန်ကုန် - မန္တလေး အမြန်လမ်းပိုင်းများတွင် ကျောက်စီရေမြောင်းများ၊ မြေထိန်းနံရံများနှင့် ကုန်ထုတ်ဆက် သွယ်ရေးလမ်းများ ပါဝင်သည်။

“ပျဉ်းမနားအရှေ့ ခြမ်း တောင်ပေါ်ရွာမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများရဲ့ လူမှုဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းတွေနဲ့ မြေသားလမ်းပြုပြင်ခြင်းတွေကိ ထည့်သွင်းလျာ ထားဆောင်ရွက်လျက်ရှိပါတယ်” ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ယခင်နှစ်က ရန်ကုန် - မန္တလေး လမ်းဟောင်း(နေပြည်တော်အပိုင်း)ရှိ လမ်းအရှည် ၅၇ မိုင် ၅ ဖာလုံကို အလျား ၄၈ ပေ ကတ္တရာလမ်း အဆင့်မြှင့်တင်ပေးခဲ့ရာ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်ပြီး အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှု မဖြစ်ပေါ်ရေး Action Plan များကို ရေးဆွဲဆောင်ရွက် လျက်ရှိသည်။

စိုက်ပျိုးရေးကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍအနေဖြင့် နေပြည်တော် အတွင်း ၂၀၁၈ - ၂၀၁၉ ခုနှစ်၌ မိုးစပါး ၁၇၁၅၁၄ ဧက စိုက်ပျိုးခဲ့ပြီး ၁၇၁၀၇၅ ဧက ရိတ်သိမ်းခဲ့ကာ အထွက်နှုန်း ၈၄ ဒသမ ၃၇ တင်းဖြင့် စပါးအထွက် တင်း ၁၄၄၃၃၀၀၅ တင်း ထွက်ရှိခဲ့သည်။ နွေစပါး အနေဖြင့် ၁၆၈၅၃ ဧက လျာထားခဲ့ရာမှ ၇၀၂ ဧက စိုက်ပျိုးထားရှိပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိသည်။ စပါးသီးနှံ မျိုးသန့်ထုတ် လုပ်မှုတွင် RS to CS မျိုးစေ့ထုတ် လုပ်ငန်းတွင် မိုးစပါး ၁၄၄၆ ဒသမ ၄၇ ဧက စိုက်ပျိုးရိတ်သိမ်းခဲ့ရာ အထွက်နှုန်း ၈၁ ဒသမ ၆၀ တင်းဖြင့် ၁၁၈၀၃၅ တင်းထွက်ရှိခဲ့သည်။

နွေစပါးအနေဖြင့် ဧက ၃၆၀ စိုက်ပျိုးရန် လျာထား၍ ၁၁၁ ဒသမ ၅ ဧက စိုက်ပျိုးပြီး ဖြစ်သည်။ မျိုးစေ့ထုတ်လုပ်ငန်း (Hybrid) ဆောင်ရွက်မှုအနေဖြင့် မျိုးခွဲ ရှစ်ခုကို မိုးစပါး စိုက်ဧက ၁၀၁၃၃ ဒသမ ၃၃ ဧက စိုက်ပျိုး ရိတ်သိမ်းခဲ့ရာ ၄၀ ဒသမ ၇၆ တင်းဖြင့် အထွက် တင်းပေါင်း ၄၁၃၀၄ တင်းထွက်ရှိခဲ့သည်။ နွေစပါး ၇၄၈ ဧက စိုက်ပျိုးရန်လျာထားပြီး ၄၀၆ ဧက စိုက်ပျိုးပြီးဖြစ်သည်။

မျိုးကောင်းမျိုးသန့် ထုတ်လုပ်မှုများမှ ထွက်ရှိ လာမည့် မိုးစပါးများကို လာမည့်မိုးရာသီတွင် တောင်သူများထံ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ တောင်သူစံပြကွက်အနေဖြင့် မြို့နယ် ရှစ်မြို့နယ် တွင် စိုက်ဧက ၃၀၀ စိုက်ပျိုးရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း ၈၂ ဒသမ ၉၃ တင်းဖြင့် အထွက်တင်း ၂၄၇၈၉ တင်း ရရှိခဲ့သည်။

ဆည်မြောင်းကဏ္ဍ

ဆည်မြောင်းကဏ္ဍအနေဖြင့် နေပြည်တော် တွင် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ Mini Budget တွင် ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည်၊ ကျောင်ဆည် ဆည်နှင့် ကျေးလက် ဆည်ကန်များ ပြုပြင်ခြင်းလုပ်ငန်း ၁၅ ခုကို ငွေကျပ်ကျပ်သန်း ၁၅၀ ဒသမ ၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးဧက ၃၉၇၅၁ ဧကအား ရေအလေအလွင့် နည်းပါးစွာဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ပေးနိုင်မည်ဖြစ်သည့်အပြင် ရေဘေးကာကွယ် ရေးလုပ်ငန်းအနေဖြင့် ရေဆင်းချောင်းဟောင်း ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို ငွေကျပ်ကျပ် ၁၄ ဒသမ ၄၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် စိုက်ပျိုးမြေဧက ၃၂၀ နှင့် အိမ်ခြေ ၄၀၀ ကို အကျိုးပြုခဲ့သည်။

ထို့အပြင် ရေဆင်းတမံ ရေပိုလွှဲဆည်မ ရေကျော်ကျဆင်းခြင်းကြောင့် ရေဆင်းကျေးရွာရှိ လူနေအိမ်များ နှင့် ရန်ကုန် - မန္တလေး ကားလမ်း ရေနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငလိုက် ဆည်ရေသောက်စနစ်မှ ၄၄၄ ဧက၊ ရေဆင်းဆည် ရေသောက်စနစ်မှ ဧက ၆၄၀၊ စက်စက်ယိုဆည် ရေသောက်စနစ်မှ ၃၉၅ ဧက၊ ရေနီဆည် ရေသောက်စနစ်မှ ဧက ၉၀၊ သဲဖြူတမံနှင့် ကြို့ကုန်းဆည် ရေသောက်စနစ်မှ ဧက ၂၀၀ ၊ ရန်အောင်မြင်ဆည် ရေသောက်စနစ်မှ ၃၇၅ ဧကနှင့် ဆင်သေဆည် ရေသောက်စနစ်မှ ဧက ၂၂၀ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများပြီးစီးပါက ဆည်ရေသောက်စနစ်များအတွင်းရှိ စိုက်ပျိုးမြေ ၂၃၆၄ ဧကတို့မှာ ရေကြီးနစ်မြုပ်မှု အန္တရာယ်မှ ကာကွယ်နိုင်မည့်အပြင် ရေသွင်းရေနုတ်ကောင်း ရန်အတွက် ရိုးများ၊ ရေနုတ်မြောင်းများ တူးဖော် ခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက် လျက်ရှိသည်။

ကမ္ဘာ့ဘဏ်ချေးငွေ

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တပ်ကုန်းမြို့နယ် အတွင်းရှိ ဆင်သေလက်ဝဲမြောင်း ဆည်ရေ သောက်စနစ် အဆင့်မြှင့်တင်ခြင်းကို ၂၀၁၇ - ၂၀၁၈ တွင် ငွေကျပ်ကျပ်သန်း ၃၀၆၄ ဒသမ ၁၂၁ သန်း နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်တွင် ငွေကျပ်ကျပ် ၄၉၈ ဒသမ ၄၄၉ သန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်ကျပ် ၃၉၉၃ ဒသမ ၁၀၃ သန်းဖြင့် လုပ်ငန်းများဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ဆည်ရေသောက်ဧရိယာ ၆၈၄၆ ဧကကို ရေအလေအလွင့် နည်းပါးစွာ ရေပေးဝေနိုင်မည့်အပြင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရှောက်ကုန်း၊ ကင်ပွန်းတန်းနှင့် ကျားသေအိုင် ကျေးရွာတို့ရှိ လယ်ယာမြေ ၉၅၅ ဧကကို စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မည်ဖြစ်သည်။

မွေးမြူရေးကဏ္ဍ

မွေးမြူရေးကဏ္ဍအနေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ)တွင် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာ၊ ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာနှင့် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာတို့ရှိ တောင်သူ ၅၁၀ ထံ ဝက်အကောင်ရေ ၆၀၀ နှင့် နွားအကောင်ရေ ၆၀ တို့အား ဖြန့်ဖြူးပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကျွဲ ၊ နွားရောဂါ ကာကွယ်ဆေးထိုး ခြင်း၊ မေထုန်မဲ့သားစပ်ပေးခြင်းနှင့် ကောင်းမွန် သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်အမည်ဖြင့် သင်တန်းဟောပြောပွဲ ၁၄၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူဦးရေ ၅၂၀၃ ဦးအား အသိပညာပေးနိုင်ခဲ့သည်။

လျှပ်စစ်မီးလင်းရေးကဏ္ဍ

လျှပ်စစ်မီးလင်းရေးကဏ္ဍအနေဖြင့် နေပြည်တော်အတွင်း တတိယ (၁)နှစ်တာ ကာလအတွင်း ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် လုပ်ငန်း လေးခုကို ငွေကျပ်ကျပ် ၃၅၃၄ ဒသမ ၅၈၅ သန်းနှင့် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် လုပ်ငန်း ၁၄၉ ခုကို ငွေကျပ်ကျပ် ၁၀၆၀၉ ဒသမ ၅၃၀ သန်းတို့ဖြင့် အကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်တွင် ကျေးရွာပေါင်း ၇၉၆ ရွာ ရှိသည့်အနက် မီးလင်းပြီးကျေးရွာ ၄၃၂ ရွာရှိပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ၄၈ ရွာ ထပ်မံမီးလင်း မည်ဖြစ်ပြီး မီးလင်းရန်ကျန်ရှိသည့်ကျေးရွာ ၃၁၆ ရွာကို မီးလင်းရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးသွယ်တန်း ပေးခြင်းတို့ကို နေပြည်တော် တစ်ခွင်လုံး လျှပ်စစ်မီးလင်းနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိသည်။

ရေရရှိရေးကဏ္ဍ

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေနှင့် နေပြည်တော်ကောင်စီ ရန်ပုံငွေတို့ဖြင် လုပ်ငန်းပေါင်း ၂၆ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၂၅၂ ဒသမ ၁၉၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းပေါင်း ၁၀၁ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၆၂၈၈ ဒသမ ၆၀၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဒီလိုဆောင်ရွက်သည့်အထဲတွင် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် အိမ်ခြေ ၉၈၅ လုံးကို သန့်ရှင်းသော သောက်သုံးရေရရှိဖို့အတွက် ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က ပြောသည်။

ဖွံ့ ဖြိုးရေးဆောင်ရွက်မှုများ

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက် တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံ ငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေတို့ဖြင့် လုပ်ငန်းပေါင်း ၁၉၃ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၁၂၄၅ ဒသမ ၂၃၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန် ပုံငွေနှင့် ပြည်ထောင်စုလွှတ်တော် ခွင့်ပြုရန်ပုံငွေတို့ဖြင့် လုပ်ငန်းပေါင်း ၁၇၂ ခုကို ငွေကျပ်ကျပ်သန်းပေါင်း ၁၆၆၅၄ ဒသမ ၈၀၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဒေသခံ ပြည်သူများ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုမှ ကာကွယ်ရန် တောင်ညိုကျေးရွာအုပ်စု ချောင်းမကြီးချောင်း ရေထိန်းနံရံ တည်ဆောက် ခြင်း၊ မရမ်းခုံကျေးရွာ စံပြလယ်ယာအနီး ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ မရမ်းခုံကျေးရွာဘေးရှိ ချောင်းမကြီးချောင်း ရေထိန်းနံရံ တည်ဆောက်ခြင်း၊ တက်ရှိန်းကျေးရွာ အုပ်စုအတွင်းရှိ နတ်တောင်ချောင်း ရေထိန်းနံရံတည်ဆောက်ခြင်း၊ မိုးစွေကျေးရွာအုပ်စု လဲဝန်းကျေးရွာအတွင်း ငလိုက်ချောင်းရေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများ၊ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို တည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ပြီး လုပ်ငန်းများ ပြီးစီးပါက အိမ်ခြေ ၂၉၀၆ အိမ်နှင့် စိုက်ပျိုးမြေဧက ၃၅၁၈ ဒသမ ၁၈ ဧကကို ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်နိုင်မည်ဖြစ်သည်။

ထို့အပြင် အထူးကိစ္စတစ်ရပ်အနေဖြင့် ပြည်ထောင်စုအစိုးရမှ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေ ကြသော နိုင်ငံ့ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေရန် အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အပျိုဆောင်၊ လူပျိုဆောင်၊ အမှုထမ်း၊ အရာထမ်း ဝန်ထမ်းအိမ်ရာ ၄၃ လုံးကို ငွေကျပ်ကျပ် ၂၂၈၇၈ ဒသမ ၁၅၄ သန်းဖြင့် နေပြည်တော်ကောင်စီမှ တာဝန်ယူ တည်ဆောက်ပေးခဲ့ရာ အခန်းပေါင်း ၆၂၇ ခန်းတွင် ဝန်ထမ်းများ စိတ်ချမ်းသာစွာ နေထိုင်နေကြပြီ ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်း အိမ်ရာ ၇၆ လုံးကို ငွေကျပ်ကျပ်သန်း ၅၀၀၀၀ ဖြင့် တာဝန်ယူတည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်း အားလုံးအတွက် တင်ဒါများခေါ်ယူပြီး ၂၀ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း နေပြည်တော် ကောင်စီဥက္ကဋ္ဌထံမှ သိရသည်။

တရားဥပဒေစိုးမိုးမှု

နေပြည်တော်ကောင်စီ၏ ရည်မှန်းချက် ၃ ခု အနက် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ ပြည်သူများ အပြည့်အဝ ခံစား ခွင့်ရရှိရန်နှင့် ပြစ်မှု ကြိုတင်ကာကွယ်ရေးအတွက် ၂၀၁၈ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကြိုတင်ကာကွယ်မှု ၁၉၂၄ မှုကို ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အမှုကြီးဖြစ်ပွားသော မြို့နယ်များတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများ ဦးစီး၍ လူစည်ကားရာ မြို့ပေါ်ရပ်ကွက် များနှင့် ဈေးများ၊ ကျေးရွာများ၊ ကျောင်းများ၊ ဝန်ထမ်းအိမ်ရာများသို့ နေပြည်တော် ရဲတပ်ဖွ့မှူးရုံးမှ မှုခင်းအသိညာပေး ပြခန်းယာဉ်ဖြင့် အသိပညာပေးဟောပြော ဆောင်ရွက်ခြင်း၊ ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုများမဖြစ်ပွားရေးအတွက် နယ်မြေအတွင်း လှည့်ကင်းဆောင် ရွက်ခြင်း၊ ရဲစခန်းများအလိုက် လူဆိုးမှတ်တမ်းများ စနစ်တကျပြုစုထား ရှိကာ စောင့်ကြပ်ကြည့်ရှုခြင်း၊ မှုခင်းဖြစ်ပွားတတ်သောနေရာနှင့် ပြစ်မှုကျူးလွန်တတ်သူများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းသိမ်းခြင်းနှင့် စုံစမ်း ထောက်လှမ်းခြင်းတို့အပြင် ရာဇဝတ်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသည မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန် တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ တတိယ(၁)နှစ်တာ ကာလအတွင်း မူးယစ် ဆေးဝါးမှု ၉၃ မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

နေပြည်တော်အတွင်း ပြည်သူများကို ဝန်ဆောင်မှု ပိုမိုထိရောက်စွာပေးနိုင်ရန် ပြစ်မှု ကျူးလွန်ခံ ရသူများ၊ ထိခိုက်နစ်နာသူများအတွက် တရားဥပဒေနှင့်အညီ ထိရောက်မြန်ဆန်စွာဖြေရှင်း ကာကွယ် စောင့်ရှောက်နိုင်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်သိ ပြည်သူများနှင့် တောင်းခံသူများမှ ပေးပို့လိုသည့် ဒုစရိုက်မှုခင်းသတင်းများနှင့် အခြားသတင်းများကို လွယ်ကူစွာ ပေးပို့နိုင်ရန် နေပြည်တော်ရဲတပ်ဖွဲ့မှူး ရုံး 199 Call Center ရှိ ၀၆၇ - ၂၇၁၉၉၊ ၀၆၇ - ၅၅၀၀၄၁၊ ၀၆၇ - ၅၅၀၀၄၂ တို့သို့ 199 နံပါတ်ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်မှစ၍ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး ရဲတပ်ဖွဲ့၏ နေ့စဉ်ဆောင်ရွက်မှုသတင်းများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် သတင်းစာများ၊ Myanmar Police Force Website ESifh Facebook စာမျက်နှာ များတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြလျက်ရှိသည်။

သတင်းပေးမှုများအပေါ် အရေးယူ ဆောင်ရွက်နိုင်ခဲ့မှုများမှာ ၂၀၁၆ ခုနှစ်တွင် ခေါ်ဆိ မှုပေါင်း ၈၉၆ ခုအနက် သတင်းမှန် ၇၁ ခုတွင် ၂၅ မှု၊ ၂၀၁၇ ခုနှစ်တွင် ခေါ်ဆိုမှုပေါင်း ၃၁၅၇ ခုအနက် သတင်းမှန် ၂၀၆ ခုတွင် ၆၇ မှု၊ ၂၀၁၈ ခုနှစ်တွင် ခေါ်ဆိုမှုပေါင်း ၉၃၅၄ ခု အနက် သတင်းမှန် ၁၇၀ တွင် ၅၆ မှုဖြစ်သည်။

နေပြည်တော်အတွင်း ဒုစရိုက်မှုများကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဖြစ်ပွားပါက အထိရောက် ဆုံး လျှင်မြန်စွာ တရားခံဖမ်းဆီးရမိ ရေးအတွက် မြို့ဝင်/ထွက် ဂိတ်များနှင့် အရေးကြီး နေရာများတွင် CCTV ကင်မရာ ၅၁ လုံး တပ်ဆင် ၍ ၂၄ နာရီစောင့်ကြည့်၍ လုံခြုံရေးကို အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့အကျိုးပြု လုပ်ငန်းများအနေဖြင့် နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS) များ ဖွင့်လှစ်ပြီး ပြည်သူလူထုသို့ ဌာန ၁၀ ခုမှ ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း ၃၁၇၅၈ ခု ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

အသေးစားချေးငွေလုပ်ငန်းများ

အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း (EXIM Bank)တွင် အခြေခံအသင်း ၂၇၃ သင်း ရှိ အသင်းသားတောင်သူလယ်သမား ၂၆၉၉၇ ဦး အား စိုက်ပျိုးစရိတ်ချေးငွေကို အတိုးနှုန်းသက်သာ စွာ အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ် ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်တွင် ၎င်းတို့၏ အစု၊ စုဆောင်း ငွေနှင့် EXIM Bank ပံ့ပိုးချေးငွေ အပါအဝင် ငွေကျပ်ကျပ် ၄၁၃၂ ဒသမ ၀၃၀ သန်း ထုတ်ချေး ပေးနိုင်ခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် အခြေခံအသင်း ၂၄၄ သင်းရှိ အသင်းသား ၂၂၀၀၁ ဦးအား ၎င်းတို့၏ အစု၊ စုဆောင်းနှင့် EXIM Bank ပံ့ပိုးချေးငွေ အပါ အဝင် ငွေကျပ်ကျပ် ၃၃၆၆ ဒသမ ၈၄၆ သန်း ထုတ်ချေး ခဲ့သဖြင့် ပြင်ပအတိုးနှုန်းထက် ငွေကျပ်ကျပ် ၃၁၄၉ ဒသမ ၅၂၈ သန်း သက်သာအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။

အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း သက်တံ့ရောင် အစီအစဉ်ဖြင့် အသင်းသား လက်လုပ် လက်စား ကျပန်းအလုပ်သမား ၉၁၁၈ ဦးအတွက် အရင်းအနှီးရရှိရန် ချေးငွေကို အတိုး နှုန်းသက်သာစွာ အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ် ၂၀၁၈ ခုနှစ် မေ ၁၅ ရက်တွင် ၎င်း၏ အစု၊ စုဆောင်း၊ အသင်းအချင်းချင်း ပံ့ပိုးချေးငွေ အပါအဝင် ငွေကျပ်ကျပ် ၅၂၉ ဒသမ ၄၇၃ သန်း၊ ဒုတိယ အကြိမ် ၂၀၁၈ ခုနှစ် ဇွန် ၁၃ ရက်တွင် ၎င်း၏ အစု၊ စုဆောင်း၊ အသင်းအချင်းချင်း ပံ့ပိုးချေးငွေ အပါ အဝင် ငွေကျပ်ကျပ် ၄၁၃ ဒသမ ၆၁၀ သန်းကို ထုတ်ချေး ပေးနိုင်ခဲ့သဖြင့် ပြင်ပအတိုးနှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကျပ်ကျပ် ၃၉၆ ဒသမ ၁၉၅ သန်း သက်သာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သဘာဝဘေးအန္တရာယ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ အနေဖြင့် နေပြည်တော်အတွင်း သဘာဝဘေး ဖြစ်ပွားမှုများမှာ လေဘေး ၆၃ ကြိမ်၊ ရေဘေး ငါးကြိမ်၊ မီးဘေး ငါးကြိမ်၊ ကမ်းပြိုဘေး ၁၀ ကြိမ်၊ မိုးကြိုးဘေး တစ်ကြိမ်နှင့် ကြွက်ဘေး တစ်ကြိမ် ကျရောက်ခဲ့ပြီး လေဘေးအများဆုံး ဖြစ်ပွားခဲ့ကြောင်း ဘေးဖြစ်ပွားမှုမှတ်တမ်းအရ သိရသည်။

သဘာဝဘေးဖြစ်ပွားမှုအတွက် အိမ်ထောင်စ ၉၃၄ စုနှင့် လူဦးရေ ၁၉၂၀၅ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်ကျပ် ၄၀၃၀၁၁၀၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်ကျပ် ၃၂၇၃၀၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း တန်ဖိုး ငွေကျပ် ၁၃၀၃၄၉၄၆ ကျပ် စုစုပေါင်းငွေကျပ်ကျပ် ၈၆၀၆၆၀၄၆ ကျပ်ကို နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေး နိုင်ခဲ့သည်။

ထို့အပြင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲ၊ ငလျင်ဘေးအန္တရာယ် ဆိုင်ရာ ဟောပြောပွဲ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် သဘာဝဘေးလျော့ပါးေ ရးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းများ ၁၀၉ ကြိမ် ပြုလုပ် ခဲ့ပြီး ၂၂၇၇၂၂ ဦး တက်ရောက်ခဲ့သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် တတိယ (၁)နှစ်တာကာလအတွင်း ဈေးများဌာနအနေဖြင့် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အောင်ဇမ္ဗူရပ်ကွက်နေ ပြည်သူများ စည်းကမ်းတကျ ဈေးဝယ်ယူရောင်းချနိုင်ရေး အတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် အောင်ဇမ္ဗူဈေးကို ဆိုင်ခန်းပေါင်း ၃၆၀ ခန့်ဖြင့် ဖွဲ့စည်း တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။

“အောင်ဇမ္ဗူဈေး ဖွင့်လှစ်လိုက်တဲ့အတွက် လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ပြီး ယာဉ်အန္တရာယ်ကင်းဝေးသည့် အပြင် စားသုံးသူများအနေဖြင့် စည်းကမ်းတကျ နေရာသတ်မှတ်ထားသည့် ဈေးနေရာတွင် အဆင်ပြေစွာ ဝယ်ယူနိုင်ခြင်း၊ ယာဉ်ကြောကျပ် ကျပ်တည်းမှုကင်းဝေခြင်း၊ အမှိုက်များ စည်းကမ်း တကျ စွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်မှကင်းဝေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌကဆိုသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းများ

ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနအနေဖြင့် ရေပန်းဥယျာဉ်ကိုနိုင်ငံ၏မြို့တော် အဆင့်နှင့်လျော်ညီစွာ ပြည်သူများအတွက်ပိုမို ပျော်ရွှင်ကြည်နူးစေမှု၊ အပန်းပြေစေမှုများရရှိနိုင်ရန် အဆင့်မြှင့်တင် တည်ဆောက် ဖွင့်လှစ်သွားနိုင်ရေး အတွက် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ အစည်း အဝေးအမှတ်စဉ် (၂၉/၂၀၁၈)မှ ရေပန်းဥယျာဉ်အား ပုဂ္ဂလိကလုပ်ငန်း ရှင်များထံသို့ တင်ဒါစနစ်ဖြင့် အငှားချထား ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ပုဂ္ဂလိကသို့ ငှားရမ်း

ထုတ်လုပ်မှုနည်းစနစ်အရ ကုန်ကျစရိတ်များပြီး အရှုံးပေါ်နေသဖြင့် ၂၀၁၇ ခုနှစ်မှစ၍ စက် ရပ်နားခဲ့ရသည့် ဘိလပ်မြေစက်ရုံ(နေပြည်တော်) ကို ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ နှစ်ရှည်ငှားရမ်းနိုင်ရေး တင်ဒါခေါ်ယူခဲ့ပြီး ယခုအခါ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ဒါအောင်မြင်သော ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းနိုင်ခြင်းဖြင့် ကော်မတီပိုင်ငွေများ လေလွင့်ဆုံးရှုံးမှုမ လျော့နည်းပြီး ကော်မတီပိုင်ဝင်ငွေများ တိုးတက် ရရှိမည်ဖြစ်သည်ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

Smart Cities ကွန်ရက်

အာဆီယံအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြို့ ကြီး ၂၆ မြို့နယ် အာဆီယံ Smart Cities ကွန်ရက် (ASEAN Smart Cities Network) ထူထောင်ရာတွင် နေပြည်တော်သည် ကနဦးမြို့တော်တစ်မြို့အဖြစ် ပါဝင်ခဲ့သည်။ အာဆီယံ Smart Cities မူဘောင် အဖြစ် ချမှတ်ထားသော လုပ်ငန်းစဉ်များအနက် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သာယာဝပြောရေး၊ အရည်အသွေးကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အအုံ စသည် ကဏ္ဍ(၃)ရပ် ဖွံ့ ဖြိုးတိုးတက်ရေးကို ရှေးရှု၍ လုပ်ငန်းစဉ် (Action Plan)များ ချမှတ် ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ကောင်စီသည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူတို့၏ လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ အား အစိုးရနှင့်အလှူရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် လူမှုဘ၀ အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ခြင်း၊ အချို့သော အစိုးရရုံးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအထိသွားရောက် ဆောင်ရွက်ပေးခြင်း တို့ဖြင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က “ဒေသတစ်ခု ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်များဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်း၊ တံတား များအပြင် အခြားသော ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း တွေမှာ အရှိန်အဟုန်မြှင့် အားသွန်ခွန်စိုက်ဆောင် ရွက်သွားမှာဖြစ်ပြီး နိုင်ငံတော်ဖွံ့ ဖြိုးတိုး တက်ရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ။

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - မိုင်ခ

No comments:

Post a Comment