Monday, April 15, 2019

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အင်ဒိုနီးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲ လေ့လာရန် ရန်ကုန်မြို့မှ ထွက်ခွာ




နေပြည်တော် ဧပြီ ၁၅

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment