နေပြည်တော် ဧပြီ ၂၀
မြောက်ဦးမြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်အား ယနေ့နံနက် ၄ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ရန် တိတ်တဆိတ် ချဉ်းကပ်လာသည့် AAအဖွဲ့၏ လှုပ်ရှားမှုကို လုံခြုံရေးကင်းအဖွဲ့များက တွေ့ရှိသောကြောင့် လက်ဦးမှု ရယူပစ်ခတ်ခဲ့ရာ AA အဖွဲ့သည် နောက်ကြောင်းသို့ ဆုတ်ခွာထွက်ပြေး သွားကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ များသည် AA အဖွဲ့ ချဉ်းကပ်ရာလမ်းကြောင်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် AAအဖွဲ့ မှ အလောင်းတစ်လောင်းအား လက်ပစ် ဗုံးတစ်လုံး၊ ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်လုံး၊ ခဲယမ်း ဆက်စပ် ပစ္စည်း များနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
AA အဖွဲ့သည် မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများဖြင့် ပူးပေါင်း၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
No comments:
Post a Comment