နေပြည်တော်
ဖေဖော်ဝါရီ ၁၈
(၈)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံတော်ဝင်ရဲ
တပ်ဖွဲ့တို့အကြား နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို
ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီ၌ နေပြည်တော် M Gallary တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော
ကိုယ်စားလှယ် ၁၉ ဦး၊ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ (RTP)၊ လူကုန်ကူးမှုတားဆီးနှိမ်
နင်းရေးရဲတပ်ဖွဲ့ ၊ ညွှန်ကြားရေးမှူး၊ ရဲချုပ် Suchart Theerasaurat ဦးဆောင်သော ကိုယ်စားလှယ်
၁၃ ဦးနှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန(DSI)၊ ညွှန်ကြားရေးမှူး၊ ဒုတိယ ရဲမှူးကြီး
Supat Thamtha- narak ဦးဆောင်သော ကိုယ်စားလှယ်ခုနစ်ဦး စုစုပေါင်း နှစ်နိုင်ငံကိုယ်စားလှယ်
၃၉ ဦး တက်ရောက်သည်။
အစည်းအဝေးတွင်
နှစ်ဖက်ကိုယ်စားလှယ် ခေါင်းဆောင်များက အဖွင့်အမှာစကား ပြောကြားခြင်း၊ (၇) ကြိမ်မြောက်
အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၏ တိုးတက်မှု အခြေအနေများအား ဆွေးနွေးခြင်း၊
လက်ရှိနှစ်နိုင်ငံဆက်စပ် ဖြစ်ပွားနေသော လူကုန်ကူးမှုများနှင့်ပတ်သက်၍ သတင်းမျှဝေ ခြင်းတို့
ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်
ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဌာန (DSI) တို့အကြား (၁၉)ကြိမ်မြောက် အစည်းအဝေးကို
ဖေဖော်ဝါရီ ၁၉ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:
Post a Comment