Tuesday, February 19, 2019

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများတွင် တာဝန်ထမ်းဆောင်ရန် စာရေးရာထူး လျှောက်ထားရာ၌ သာယာဝတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးသည် ငွေကျပ်ကျပ် ၁၀ သိန်း ရယူခဲ့ပြီး ဝန်ထမ်းခန့်ထားပေးခြင်း မရှိသည့်အတွက် အရေးယူပေးပါရန် နစ်နာသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးသည် သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် လစ်လပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ ရုံးစာရေးရာထူးရွေးချယ် ခန့်ထားရေးအတွက် တိုင်ကြားသူထံမှ ငွေကျပ်ကျပ် ၁၀ သိန်း အား မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ၎င်း၏နေအိမ်ဧည့်ခန်းတွင် လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် သာယာဝတီမြို့မ ရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment