Wednesday, February 27, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသအစိုးရ၊ ရဲတပ်ဖွဲ့မှ Chief Superintendent Mr. Ronny Chan Man-tak နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲလေ့ကျင့်ရေး အရာရှိချုပ်တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment