Tuesday, February 19, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇန်နဝါရီလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁၃၁၆ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့



၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇန်နဝါရီလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၁၉၀ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၁၂၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၃၁၆ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ 
ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇန်နဝါရီလထိ) ပြည်ပပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၆၉၂ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃၀၆ သန်းဖြစ်၍ ပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၉၉၈ သန်း ဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ၄၉၈ ဒေါ်လာသန်း ပိုမို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ၁၈၀ ဒေါ်လာသန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင် ခဲ့ပါသည်။

No comments:

Post a Comment