နေပြည်တော် ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ် မြောက်ဦး-ကျောက်တော် - စစ်တွေ
ကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA သောင်းကျန်းသူအဖွဲ့ များက လေ့ကျင့်ရေးစခန်းဖွင့်လှစ်
ရန်နှင့် စည်းရုံးရေးနယ်မြေတည်ဆောက်ရန်အတွက် ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော
ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက် ဖျက်ဆီးမှုများ ဆောင်ရွက်လာသဖြင့် တပ်မတော်
စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့် မြောက်ဦး မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် AA သောင်းကျန်းသူများထံမှ
အလောင်းများ၊ လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်း များနှင့် တပ်မတော်သုံး
အဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များ သိမ်းဆည်းရမိကြောင်းကို တပ်မတော်သတင်းမှန်
ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်မှုများ ပြုလုပ်ပြီးဖြစ်သည်။
ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ
ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူ များနှင့် ကျောင်းသား ကျောင်းသူများအား
တပ်မတော် အသုံးအဆောင် ပစ္စည်းများဝတ်ဆင်၍ တပ်မတော်သား အယောင်ဆောင်ကာ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊
ဖမ်းဆီးခေါ်ဆောင် သွားခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရနှင့်
သိမ်းဆည်းရမိခဲ့သော အထောက်အထားများအရ သိရှိရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ၌လည်း
စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိကြောင်း။
ထိုသို့ဆောင်ရွက်မှုများသည် AA သောင်းကျန်းသူ
များအနေဖြင့် တပ်မတော်အပေါ် အထင်မှား အမြင်မှား ဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး
တပ်မတော်နှင့် ဒေသခံပြည်သူလူထု စိတ်ဝမ်းကွဲ၍ ဒေသ မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
သို့ဖြစ်၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော်သား
အယောင်ဆောင်၍ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက် ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါက
သက်ဆိုင်ရာ ရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထား နှင့်တကွ အကြောင်းကြား
တိုင်ကြားခြင်းဖြင့် ဒေသ လုံခြုံရေးအား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန်
တိုက်တွန်းကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်
No comments:
Post a Comment