ရန်ကုန်တက္ကသိုလ်က
သမိုင်းဝင်တက္ကသိုလ်ဖြစ်တာနဲ့အညီ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုနဲ့ တစ်ပြိုင်တည်းမှာပဲ
နိုင်ငံတကာအဆင့်မီ သန့်ရှင်းသာယာလှ ပတဲ့၊ တက်ကြွတဲ့ တက္ကသိုလ် ပညာရပ်ဝန်းကျင်ကောင်းဖြစ်ပေါ်ရေးကိုလည်း
ဟန်ချက်ညီညီ ထည့်သွင်းစဉ်းစားထားပါတယ် (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း)
ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးဆိုင်ရာ
ပညာရေးစကားဝိုင်း ဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ Software Committee ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့် ၊ ရန်ကုန်တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ
ဒေါက်တာအောင်မင်းတို့၏ ပါဝင်ဆွေးနွေးမှု များကို ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ ပထမဆုံးအနေနဲ့
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင် ရေးလုပ်ငန်း ပေါ်ပေါက်လာပုံနဲ့ ဒီလုပ်ငန်းတွေကို ဘယ်လိုမျိုးဆောင်ရွက်နေလဲဆိုတာကို
ဆရာကြီး ဒေါက်တာ မောင်မောင်ဝင့်က အရင်ဆုံး ပြောကြား စေလိုပါတယ်။
ဒေါက်တာမောင်မောင်ဝင့်။
။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်လောက်မှာ တည်ထောင်ဖွင့်လှစ် ချိန်တုန်းက ဒီတက္ကသိုလ်ဟာ
အရှေ့တောင်အာရှမှာ ပညာ အရည်အသွေးအနေနဲ့ရော အဆင့်အနေနဲ့ပါ အသိအမှတ်ပြုခံရတဲ့ အထင်ကရ
တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာလည်း နိုင်ငံတော်ရဲ့ ပညာရေးလို အပ်ချက်၊ နိုင်ငံတော်ရဲ့
လူမှုစီးပွားလိုအပ်ချက်နဲ့အညီ ဒီတက္ကသိုလ်ကို ထိုက်ထိုက် တန်တန် အဆင့်မြှင့်တင်ပေးဖို့နဲ့
အဆင့် မြှင့်တင်ပေးတဲ့ နေရာမှာလည်း ဒီတက္ကသိုလ်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်တစ်ခု ဖြစ်ရုံတင်မကဘဲ
ဒေသတွင်းနိုင်ငံများ၊ ပြည်ပ နိုင်ငံများနဲ့ ချိတ်ဆက် ပြီး အကျိုးတူလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ
ထိထိရောက်ရောက် ကောင်းကောင်း မွန်မွန်ဖြစ်ဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမအကြိမ်
ပြည်သူ့လွှတ်တော် ကျင်းပစဉ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းကို ပြည်သူ့လွှတ်တော်မှာ
အဆိုတင်သွင်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်က ဒီအဆိုကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြု ပေးလိုက်တာဖြစ်ပါတယ်။
Master Plan တစ်ခုရေးဆွဲနိုင်
ဒီတက္ကသိုလ်ဟာ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊
အဆင့်မြှင့်တင်ခြင်းစတဲ့ လုပ်ငန်းတွေဟာ နိုင်ငံတော် အဆင့် လုပ်ငန်းဖြစ်တဲ့အတွက် ထိုက်ထိုက်တန်တန်
ကောင်းကောင်းမွန်မွန်နဲ့ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ အတွက် Master Plan တစ်ခုရေးဆွဲနိုင်ခဲ့ကြပါတယ်။
အဲဒီလို ရေးဆွဲရာမှာ အဖွဲ့တွေ၊ ကော်မတီတွေ အသီးသီးဖွဲ့ပြီး ဆောင်ရွက်ကြပါတယ်။
Master Plan ကို ၂၀၁၇ ခုနှစ်လောက်က စတင်ရေးဆွဲ နိုင်ခဲ့ကြပါတယ်။ အဲဒီလို ရေးဆွဲရာမှာအဖွဲ့တွေ၊
ကော်မတီတွေ အသီးသီးဖွဲ့ပြီး ဆောင်ရွက်ကြပါ တယ်။ ဒီဦးစီးကော်မတီလို့ခေါ်တဲ့ Steering
Commlttee ဆိုရင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး
ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်ပပညာရှင်ဆိုရင် Central European University လို့
ခေါ်တဲ့တက္ကသိုလ်က ဟန်ဂေရီမှာပါ၊ အဲဒီက Professor Matei နဲ့ Sasha တို့ ပညာရှင်အဖွဲ့
IPE လို့ ခေါ်တဲ့ Irrawaddy Policy Exchange အဖွဲ့ UJGKilburn Nightingale
Construction(UK – based) လို့ခေါ်တဲ့ အဖွဲ့တွေ ပါဝင်ကြပါတယ်။
ပြည်တွင်းမှာတော့
ပြည်တွင်းဆိုင်ရာ ပညာရှင်တွေပေါ့။ အချိန်ပေးနိုင်တဲ့ ပညာရှင်လည်း ဖြစ်ရမယ်။ စိတ်အင်အားလည်း
အများကြီး ထည့်ပေးနိုင်ပြီးတော့ လုပ်ငန်းနဲ့လည်း ဆီလျော်အပ်စပ်မှု၊ ပညာရေး ကျောထောက်နောက်ခံရှိတဲ့ပုဂ္ဂိုလ်များ၊
လွှတ်တော်ပညာရေးဆိုင်ရာ ကော်မတီများနဲ့ဆိုင်တဲ့ လွှတ်တော်ကိုယ် စားလှယ်နှစ်ဦး၊ ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပုဂ္ဂိုလ်များ စသည်ဖြင့် ကော်မတီ များဖွဲ့ခဲ့ပါတယ်။ ဖွဲ့တဲ့အခါမှာလည်း ရှင်းပြခဲ့သလို
ပညာအရည်အသွေး မြှင့်တင်ဖို့ လုပ်ငန်းတွေ တာဝန်ထမ်းဆောင်ရမယ့်ကော်မတီ၊ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာကိစ္စ
္စများကို ဖြည့်ဆည်း လုပ်ဆောင်ပေးဖို့ Hardware Committee?Master Plan ရေးဆွဲဖို့
Master Plan Drafting Committee ၊ ရန်ကုန်တက္ကသိုလ်ရဲ့ University Charter တက္ကသိုလ်
ပဋိညာဉ်ရေးဆွဲမှုကော်မတီ စသည်ဖြင့် ကော်မတီတွေစုံစုံညီညီ ဖွဲ့စည်းပြီး အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ထားတာဖြစ်ကြောင်း
ပြောကြား လိုပါတယ်။
အစီအစဉ်မှူး။ ။ ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး
Master Plan ရဲ့ အဓိကကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ပြောကြားပေးေ စလိုပါတယ်။
ဒေါက်တာမောင်မောင်ဝင့်။
။ Master Plan မှာတော့ ပြောစရာတော်တော်များများ ရှိပါတယ်။ အရေးကြီးတဲ့ အဓိကအချက်တွေကိုပဲ
မီးမောင်းထိုးပြမှာဖြစ်ပါတယ်။ ပထမအဓိကကျတဲ့ အချက်တစ်ခုကတော့ အဆင့်မြှင့်တင်ပြီးတဲ့
ရန်ကုန် တက္ကသိုလ်ဟာ အခုလက်ရှိရန်ကုန်တက္ကသိုလ်နဲ့ ကွာခြားမှုအများကြီး ရှိမှာဖြစ်တဲ့အတွက်ကြောင့်
အဲဒီတက္ကသိုလ် ရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ဒါတွေနဲ့ ဆိုင်တဲ့ setup လို့ခေါ်တဲ့
ဖွဲ့စည်းပုံ၊ မူဝါဒပေါ်လစီများ၊ လုပ်ငန်းများ စတာတွေကို ဆီလျော်အပ်စပ်မှု ညီညွတ်အောင်
ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင် ပေးရမှာပါ၊ အဲဒီကဏ္ဍကလည်း အင်မတန်အရေးကြီးတဲ့
ကဏ္ဍတစ်ခုဖြစ်ကြောင်းနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေပြီဖြစ်ကြောင်းကိုလည်း ပြောကြား
လိုပါတယ်။
ဒုတိယအချက်ကတော့ အမျိုးသားပညာရေး
ဥပဒေ၂၀၁၅ ရဲ့ ပြဋ္ဌာန်းချက်အရ ရန်ကုန် တက္ကသိုလ် ဟာ Autonomous University ဖြစ်မှာပါ။အဲဒါကြောင့်မို့
Autonomous University တစ်ခုဖြစ်ဖို့ အတွက် လိုအပ်တဲ့လိုအပ်ချက်များကို ကျွန်တော်တို့တစ်တွေက
ဖြည့်ဆည်းပေးရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။
ဒါလည်း အင်မတန်မှ အရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့
ပညာရေးဆိုင်ရာ ပြောင်းလဲမှုများ Educational Changes အဲဒီမှာ ဆိုရင် Faculty System
ထူထောင်ဖို့ မဟာဌာနတွေ ထူထောင်ဖို့၊ ဒါကလည်း ကျွန်တော်တို့ စနစ်တကျတိုင်ပင်ပြီး လိုအပ်သလို
ဆောင်ရွက်လျက် ရှိပါတယ်။ နောက်တစ်ခုက ရှိရင်းစွဲဌာနများ၊ ရုံးများနဲ့ အသစ်ဖွင့်လှစ်မယ့်
Centre တွေ အဲဒါတွေကိုအသစ်ဖွင့်လှစ်ဖို့ ရှိရင်းစွဲဌာနတွေကို တိုးချဲ့ဖို့ ပြုပြင်မွမ်းမံဖို့၊
ပြောင်းလဲဖို့ စတဲ့လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေ ပါတယ်။ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကတော့
လက်ရှိရှိနေတဲ့ Curriculum လို့ခေါ်တဲ့ သင်ရိုးညွှန်းတမ်းများကို ပြန်လည် ဆန်းစစ်ဖို့
လိုပါတယ်။ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံခြင်း၊ ပြင်ဆင်ခြင်း လိုအပ်ချက်နှင့်အညီ အသစ်ပြန်လည်
ရေးဆွဲခြင်းဆိုတဲ့ လုပ်ငန်းများ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Curriculum Review,
Revision, Revise and Drafting new curriculum ပါ။
ပြုပြင်ပြောင်းလဲပေးရမှာဖြစ်
နောက်တစ်ချက်ကတော့
Curriculum Development အပြင် ပညာအရည်အသွေး မြင့်မားလာဖို့၊ နိုင်ငံရဲ့ လူမှုစီးပွား
တိုးတက်ဖွံ့ဖြိုးမှု အထောက်အကူပြုဖို့ ပြည်ပတက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ
ဒီထက်ပိုပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့နဲ့ Student
Mobility လို့ခေါ်တဲ့ ကျောင်းသားများရွှေ့ပြောင်း ပညာသင်ယူ ရေးကိစ္စတွေ လွယ်ကူဖို့၊ ချောမောဖို့၊
အောင်မြင် ထိရောက်ဖို့ရည်ရွယ်ပြီး ဒီ Curriculum တွေနဲ့ မူဝါဒတွေကို ချမှတ် ပြုပြင်
ပြောင်းလဲပေးရမှာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော
IQA လို့ခေါ်တဲ့ Internal Quality Assurance အတွင်းပညာ အရည်အသွေး အာမခံမှု အစီအစဉ် တစ်ခု
Internal Quality Assurance System ဒါလည်း တက္ကသိုလ်တိုင်း တက္ကသိုလ်တိုင်းမှာ ထူထောင်ရမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ IQA ထူထောင်ဖို့ အထူးလိုအပ်တဲ့အတွက် စီမံကိန်းချပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
နောက် တစ်ချက်ကတော့ အကျိုးပြုသုတေသနလုပ်ငန်း များ ဆောင်ရွက်ဖို့၊ အခုလည်း သုတေသနလုပ်ငန်း
များ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့်အကျိုးပြု သုတေသနလုပ်ငန်းဆိုတာ Applied Research ပါ။
အဲဒီ Applied Research Activities တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်၊
အစီအစဉ်နဲ့ အတူ အကောင်အထည်ဖော်ဖို့ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုကတော့ ရန်ကုန်တက္ကသိုလ်နဲ့
အခြားတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ် Collaborating University များ ထူထောင်ဖို့၊
အဲဒီမှာဆိုရင် ဥပမာ- ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊
ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ် စုစုပေါင်း တက္ကသိုလ်ငါးခု
ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဆိုလိုရင်း
အဓိပ္ပာယ် ကတော့ Pooling of Resources, အဲဒါက Sharing of Resources Academic
Activities, Research Activities တွေနဲ့ Training Activities တွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်နိုင်လိမ့်မယ်လို့ ရည်ရွယ်ပြီးတော့ ဒီလိုဖွဲ့စည်းထားရခြင်း
ဖြစ်ပါတယ်။
Library ကို အဆင့်မြှင့်တင်ပေးဖို့ရည်ရွယ်
နောက်တစ်ခုကတော့ ရန်ကုန်တက္ကသိုလ်ရဲ့
Library ကို အဆင့်မြှင့်တင်ပေးဖို့ ဒီခေတ်ဒီအခါ လိုအပ်ချက်နဲ့အညီ e-Library ဖြစ်အောင်
ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ e-Library ဆိုတာကလည်း သူ့အဆင့်နဲ့သူ ရှိတာဖြစ်တဲ့
အတွက်ကြောင့် လုပ်လို့ရသမျှ အဆင့်ထိ ရောက်အောင် မြှင့်တင်ပြီး ဆောင်ရွက်ပေးသွားမှာ
ဖြစ်ပါတယ်။ ဒီကိစ္စမှာလည်း Open Society Foundation, CEU(Central European
University), Kyoto University တို့ရဲ့ အကူအညီတွေနဲ့ အများကြီးပါဝင်ပါတယ်။
နောက်တစ်ခုကတော့ အင်္ဂလိပ်စာကျွမ်းကျင်မှု
အဆင့်မြှင့်တင်ရေးလုပ်ငန်းဒါကလည်း အင်မတန် အရေးကြီးပါတယ်။ ခုနကပြောကြားခဲ့တဲ့ ရည်ရွယ်ချက်တွေကို
အကောင်အထည် ဖော်ရာမှာ အထူးသဖြင့် နိုင်ငံတကာနဲ့ ထိထိရောက်ရောက် ကူးလူးဆက်ဆံမှုတွေ ပြုလုပ်တဲ့နေရာ၊
သင်ကြားမှု နာယူမှုတွေပြုလုပ်တဲ့နေရာ၊ လေ့ကျင့်မှုတွေ လုပ်တဲ့နေရာမှာ အင်္ဂလိပ်စာကျွမ်းကျင်မှုဟာ
အင်မတန်မှ လိုအပ်ပါတယ်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်လျက် ရှိကြောင်း
တင်ပြလိုပါတယ်။
အစီအစဉ်မှူး။ ။ဆက်လက်ပြီး
အခြေခံအဆာက်အအုံနဲ့ ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး Hardware ကဏ္ဍနဲ့ ပတ်သက်လို့
ဆရာကြီး ဒေါက်တာ ဖိုးကောင်းက ရှင်းလင်းပြောကြား ပေးစေလိုပါတယ်။
ဒေါက်တာဖိုးကောင်း။
။ Master Plan အရဆိုရင် ပညာရေး Software အဆင့်မြှင့်တင်ရေးနဲ့ အခြေခံအဆောက်အုံနဲ့ ပစ္စည်းကိရိယာများ
Hardware အဆင့်မြှင့်တင်ရေးဆိုပြီး အဓိက ကဏ္ဍကြီးနှစ်ရပ် ပါဝင်ပါတယ်။ ဒီကဏ္ဍကြီးနှစ် ရပ်ကိုလည်း
ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါ တယ်။ အရေးကြီးတာက ပညာရေးဆိုင်ရာမြှင့်တင်မှု
တွေမှာ Hardware လိုအပ်ချက်တွေကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်မယ့် အခြေခံအဆောက်အအုံနဲ့
ပစ္စည်း ကိရိယာများ Hardware လုပ်ငန်းစဉ်ဖြစ်ရပါမယ်။ နောက်တစ်ခါ ရန်ကုန်တက္ကသိုလ်က သမိုင်းဝင်တက္ကသိုလ်
ဖြစ်တာနဲ့အညီ သမိုင်းအမွေ အနှစ်များ ထိန်းသိမ်းထားရှိမှုနဲ့ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာအဆင့်မီ
သန့်ရှင်းသာယာ လှပတဲ့၊ တက်ကြွ တဲ့ တက္ကသိုလ်ပညာရပ်ဝန်းကျင်ကောင်းဖြစ်ပေါ် ရေးကိုလည်း
ဟန်ချက် ညီညီ ထည့်သွင်းစဉ်းစားထားပါတယ်။
အစီအစဉ်မှူး။ ။ ရန်ကုန်တက္ကသိုလ်
အဆင့်မြှင့်တင်ရေးဆိုင်ရာ အရေးကြီးကဏ္ဍေ တွနဲ့ပတ်သက်၍ ဆရာကြီးကပဲ ဆက်လက် ပြောကြားပေးပါဦး။
ဒေါက်တာဖိုးကောင်း။
။ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသန အလေ့အထများ အားကောင်းရေး၊ တက္ကသိုလ်ရဲ့
ဆောင်ရွက်စီမံခန့်ထားမှု အရည်အသွေးကောင်းမွန်ရေး၊ အမျိုးသား ပညာရေး ဥပဒေမှာဆိုထားတဲ့
ကိုယ်တိုင်စီမံခန့်ခွဲနိုင်မယ့် Autonomous University ဖြစ်ရေး အတွက် လက်ရှိဖွဲ့စည်းမှုအနေအထားနဲ့
မူဝါဒတွေ ပြန်လည်သုံးသပ်ပြီး အားသာချက်ကို ယူပြီးတော့ တက္ကသိုလ်ပညာရေး၊ အုပ်ချုပ်ရေးနဲ့
စီမံခန့်ခွဲရေး ဆိုင်ရာဖွဲ့စည်း ပုံတွေကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
သတင်းအဖွဲ့

No comments:
Post a Comment