Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Monday, October 27, 2025

ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့ စွမ်းအားမြှင့်မီးဖိုစီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုမဖြစ်အောင်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်အောင် မီးဖိုထောက်ပံ့ရေးစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပါတယ်



ကျေးလက်နေပြည်သူလူထု၏ စုပေါင်းဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုအားဖြင့်အကောင်အထည်ဖော်စေပြီး ရပ်ရွာအခြေပြုကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနည်းဗျူဟာ ဖွံ့ဖြိုးလာစေရန်၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူကျေးရွာသားများ၊ စီမံကိန်းတွင်ပါဝင်သည့် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများပေးခြင်းဖြင့် အသိအမြင်များပြောင်းလဲလာပြီး စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စံပြကျေးရွာများဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ပြီး မြန်မာနိုင်ငံ၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့်နည်းလမ်းများကို ညွှန်ပြပေးနိုင်ရန်ရည်ရွယ်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာ ၂၅၀ တွင် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရည်ရွယ်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်လျက်ရှိ သည့် အခြေအနေနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါ သည်။


မေး။   ။        မံကိန်းကို  ဘယ်အချိန်ကနေ  စတင် ဆောင်ရွက်တယ်ဆိုတာ သိပါရစေ။


ဖြေ။   ။ စီမံကိန်းမှာ မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက  ကျေးရွာပေါင်း ၁၁၀ ကို ရွေးချယ်ပြီး စတင်ခဲ့ပါတယ်။ နေပြည်တော်မှာ ကျေးရွာ ၄၀၊ တနင်္သာရီ၊ ပဲခူး၊ မွန်နဲ့ ရခိုင်မှာ ငါးရွာစီ၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ၁၀ ရွာစီနဲ့ ကျေးရွာစုစုပေါင်း ၁၁၀ နဲ့  စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ စီမံကိန်းကျေးရွာ ၂၅၀ ရှိလာပြီ ဖြစ်ပါတယ်။ စီမံကိန်းက ၂၀၁၂ ခုနှစ်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးမှုတွေကနေတစ်ဆင့် စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။


မေး။   ။  စီမံကိန်းကနေတစ်ဆင့် ကျေးရွာတွေကို ဘယ်လို ထောက်ပံ့ဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုပါတယ်။


ဖြေ။    ။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Korea Inter-national  Cooperation  Agency -KOICA) နဲ့ပေါင်းစပ်ပြီး ကျေးရွာတစ်ရွာကို အမေရိကန်ဒေါ်လာ နှစ်သောင်းနဲ့ ညီမျှတဲ့ မြန်မာငွေကို စတင်ထောက်ပံ့ ပေးပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ ပေါင်းစပ်ပြီး အလားအလာကောင်းတဲ့ ကျေးရွာတွေကို စတင်ဆောင်ရွက် စေခဲ့ပါတယ်။ ကျေးရွာတွေမှာ  ခေါင်းဆောင်တွေရွေးချယ်ပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို နည်းပညာပေးခဲ့ပါတယ်။ ကျေးရွာဖွံ့ဖြိုးမှုစီမံကိန်းတွေမှာ အဓိကဆောင်ရွက်ရမယ့် ခေါင်းဆောင်မှုသင်တန်း၊ လူထုကိုစည်းရုံးဆောင်ရွက်နိုင်မယ့်နည်းပညာတွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့အခါ   စီမံခန့်ခွဲရမယ့်ငွေကြေးတွေအတွက် ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေပေးတယ်။ ကျေးရွာတွေမှာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဆောင်ရွက်နိုင်မယ့်အဖွဲ့တွေဖွဲ့ပေးပါတယ်။


မေး။   ။   စီမံကိန်းမှာပါဝင်တဲ့ လုပ်ငန်းတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။


ဖြေ။   ။   စီမံကိန်းမှာဝင်ငွေတိုးပွားရေး၊  လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုတဲ့ လုပ်ငန်းဆောင်ရွက်မှုသုံးမျိုးရှိပြီး ထောက်ပံ့ပေးလိုက်တဲ့ငွေကြေးအပေါ်မူတည်ပြီး ၃၅ရာခိုင်နှုန်းကိုကျေးရွာဝင်ငွေတိုးပွားရေးကဏ္ဍမှာ ဆောင်ရွက်မယ်။ ၆၀ ရာခိုင်နှုန်းကို လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျေးရွာသူကျေးရွာသားတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာပေးတဲ့ သင်တန်းတွေ၊ ကျန်းမာရေးဗဟုသုတ၊  စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းတွေကို  ကျေးရွာအလိုက် လိုအပ်ချက်တွေမတူညီတဲ့ အမျိုးမျိုးသောသင်တန်းတွေကို ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက် ပါတယ်။ ကျေးရွာတွေကို နှစ်အလိုက်အမှတ်ပေးတဲ့အစီအစဉ်နဲ့ဆောင်ရွက်ပြီး ထူးချွန်ပြောင်မြောက်အောင် ဆောင်ရွက်နိုင်တဲ့ကျေးရွာတွေကို A Grade ၊ ဒီထက်တစ်ဆင့်နိမ့်ရင် တိုးတက်မှုတော့ရှိတယ်။ သတ်မှတ်ထားတဲ့  စည်းကမ်းတွေနဲ့ မညီဘူးဆိုရင် B Grade ၊ တိုးတက်ဖွံ့ဖြိုးမှုမရှိသေးရင်  C Grade လို့ သတ်မှတ်ပါတယ်။ နောက်တစ်နှစ်မှာ A Grade ရတဲ့ကျေးရွာကို နောက်ထပ် အမေရိကန်ဒေါ်လာ နှစ်သောင်း   ထပ်ပေးပါတယ်။   B Grade ရရင် တစ်သောင်းခွဲပေးပြီး  C Grade ရရင် တစ်သောင်း ပေးပါတယ်။ 


တချို့ရွာတွေဆိုရင်   ဦးဆောင်ဦးရွက်ပြုသူက လည်း ကောင်းမွန်တယ်။ ကျေးရွာသူ ကျေးရွာသား တွေကလည်း စိတ်ပါလက်ပါနဲ့ စည်းလုံးညီညွတ်မှု ရှိလာတယ်ဆိုတာ တွေ့ရပါတယ်။ ရန်ပုံငွေကလည်း တချို့ရွာတွေဆိုရင် ကျပ်သိန်းပေါင်းနှစ်ထောင်လောက်အထိ  တိုးပွားလာတာ  တွေ့ရပါတယ်။ ကျေးရွာလမ်း၊ စုပေါင်းဓမ္မာရုံ၊ ခန်းမတည်ဆောက်တဲ့လုပ်ငန်းတွေ၊ သောက်သုံးရေအတွက်ရေတွင်းတူးပေးတာ၊ ရေစင်တည်ဆောက်ပေးတာ၊ ရေပိုက်လိုင်း သွယ်တန်းပေးတာတွေနဲ့ အမှိုက်ကင်းစင်ရေး လုပ်ငန်းတွေကိုလည်း ရန်ပုံငွေကိုအသုံးပြုပြီးလူထုလှုပ်ရှားမှုအနေနဲ့  အပတ်စဉ်ဆောင်ရွက်ပါတယ်။


မေး။   ။ ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်းတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။


ဖြေ။ ။ စံပြကျေးရွာတွေရဲ့ ကျေးရွာခေါင်းဆောင်အချင်းချင်းပိုမိုထိတွေ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေဖလှယ်နိုင်စေဖို့၊ လုပ်ငန်းဆောင်ရွက်မှုအားနည်းတဲ့ ကျေးရွာတွေကို   အားကောင်းတဲ့ ကျေးရွာတွေကနေ လက်တွဲခေါ်ယူဆောင်ရွက်နိုင်စေဖို့၊ ကျေးရွာအချင်းချင်း အသိပညာဖလှယ်နိုင်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့၊ ဝင်ငွေတိုးပွားရေးကဏ္ဍ၊ အရင်းမပျောက်မတည်ငွေတွေ ပိုမိုတိုးပွားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်စေဖို့၊ စံပြကျေးရွာတွေရေရှည်တည်တံ့စေပြီး ကျေးရွာတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ရာမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီးဒါကိုရင်းနှီးမြှုပ်နှံဖို့လိုအပ်တယ်။ ဒါကြောင့် ကျေးရွာတွေကိုအခြေခံပြီး ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ နောက်တစ်ခုက  ‌ထုတ်ကုန် တွေကို ကုန်ကြမ်းအဖြစ်ကနေ ကုန်ချောတန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ရောင်းချမယ်ဆိုရင် ဝင်ငွေတိုးတက်ရရှိမယ်။ ဒီလိုလုပ်ဖို့အတွက် နည်းပညာလိုရင်နည်းပညာပံ့ပိုးပေးပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ အာလူးကြော်၊ ပဲကြော်၊ မုန့်ပဲသရေစာ၊ ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းစတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ချေးငွေထုတ်ချေးပေးတယ်။ ကော်မတီက သတ်မှတ်ထားတဲ့ သက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေတွေရရှိပြီး ခြောက်လတစ်ခါ အရင်းအတိုးပြန်ဆပ်ရတာတွေရှိပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေအပြင်  ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ဦးထုပ်စသဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလည်း ချေးငွေထုတ် ပေးပါတယ်။ စိုက်ပျိုးရေးလုပ်ချင်တဲ့သူတွေ၊ တစ်ပိုင်တစ်နိုင်မွေးမြူရေး   လုပ်ချင်တဲ့သူတွေကိုလည်း ချေးငွေ ထုတ်ချေးပေးပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ကျေးရွာလမ်းတွေ၊ ဓမ္မာရုံတွေစသဖြင့် ဆောင်ရွက်ပြီးတဲ့အခါ အရင်ကအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၆၀ ရာခိုင်နှုန်း သုံးခဲ့ရာက ၅၀ ရာခိုင်နှုန်းပဲလျှော့သုံးမယ်။  ဝင်ငွေတိုးပွားရေးကဏ္ဍကို ၄၀ ရာခိုင်နှုန်း ပိုသုံးမယ်လို့  ဆုံးဖြတ်တာတွေလည်း   ရှိပါတယ်။ ဒါကို ကျေးရွာသူ ကျေးရွာသား‌တွေနဲ့ ကျေးရွာက ခေါင်းဆောင်တွေ ပါဝင်တဲ့ စုပေါင်းအစည်းအဝေးတွေက  ဆုံးဖြတ်ပါတယ်။   စိုက်ပျိုးရေးဦးစီးဌာနက အစည်းအဝေးဖြစ်မြောက်ရေး၊   ဆုံးဖြတ်ချက်တွေမှန်ကန်ရေး  ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ကျေးရွာပေါင်း ၁၁၀ နဲ့ စတင်ခဲ့တဲ့ စီမံကိန်းကလည်းအောင်မြင်ခဲ့ပါတယ်။


မေး။   ။ စီမံကိန်းက ဘယ်လိုအကျိုးကျေးဇူးတွေရ ရှိတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။


ဖြေ။    ။ကျေးရွာသူ    ကျေးရွာသားတွေအနေနဲ့ မိမိကိုယ်မိမိ အားကိုးတတ်စေဖို့၊ လုံ့လဝီရိယတွေရှိဖို့၊  ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ရည်ရွယ်ဆောင်ရွက်ပါတယ်။  မြင်သာတဲ့အကျိုးရလဒ်တွေအနေနဲ့  လူမှုရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာတာ၊ ဝင်ငွေတိုးပွားလာတာတွေအပြင်မမြင်သာတဲ့ရလဒ်တွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့အချက်တွေက ကျေးရွာသူကျေးရွာသားတွေ စည်းလုံးညီညွတ်လာတာ၊ အတူတူ ပူးပေါင်းဆောင်ရွက်တတ်လာတာ၊  ကိုယ့်ကျေးရွာပတ်ဝန်းကျင်မှာ  အမှိုက် သရိုက်ကင်းစင်ရေးက ကိုယ့်တာဝန်၊ ကိုယ်တိုင် ဆောင်ရွက်မှရမယ်ဆိုတဲ့  အသိပညာတွေ၊  စိတ်ဓာတ် ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာတာ၊ အတွေးသစ် အမြင်သစ်တွေ ရှိလာတာ၊   အသင်းအဖွဲ့ စိတ်ဓာတ်ရှိလာတာတွေကို  တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံမှာဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ အောင်မြင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။   ဒါကြောင့်  ၂၀၁၉  ခုနှစ်မှာ ကိုရီးယားနိုင်ငံက ထောက်ပံ့ငွေအပြင် တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရတွေက  ရန်ပုံငွေတစ်ရပ်တည်ထောင်ပြီး  တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ကျေးရွာပေါင်း ၃၄ ရွာ ထပ်တိုးပြီး ၂၀၂၂ ခုနှစ်မှာ ၁၄၄ ရွာမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့စွမ်းအားမြှင့်မီးဖိုစီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာသစ်တောပြုန်းတီးမှုမဖြစ်အောင်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်အောင် မီးဖိုထောက်ပံ့ရေးစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ မီးဖိုပေါင်း ၂၄၈၀၀၀၀ ထောက်ပံ့ခဲ့ပါတယ်။ ဒီအတွက် မီးဖိုတစ်လုံးဖြန့်ဖြူးတိုင်း တစ်ဒေါ်လာရပါတယ်။ ဒီကရတဲ့ရန်ပုံငွေကို အသုံးပြုပြီး ကျေးရွာသစ်လှုပ်ရှားမှုအသွင်နဲ့ ထပ်မံ ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အထိကျေးရွာပေါင်း ၂၅၀ မှာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအသွင်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လယ်ယာကဏ္ဍကိုအခြေခံပြီး တိုးတက်အောင် ဆောင်ရွက်ရမယ်။ အဓိကကျတာဒီလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေတဲ့ ကျေးရွာနေပြည်သူလူထုက ဆောင်ရွက်မှ ဒီကျေးရွာတွေက ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကနေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံအဆင့်အထိတဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဒီလို ကျေးရွာပေါင်းများစွာ တည်ထောင်ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။


ကေတာ

Monday, December 9, 2024

မြန်မာ့အားကစားလောက တိုးတက်ရေးအတွက်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အမျိုးသားအားကစားပွဲတော်မှာ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်အနိုင်ယူခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်အနိုင်ရဖို့ဆက်လက်ကြိုးစား



ဦးတင်အောင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းများနှင့် အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားဟောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

Saturday, October 19, 2024

ရုပ်သေးပညာရပ်က တိမ်ကောစပြုလာတဲ့အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေရှိမှသာ ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ချပြခွင့်ရှိတာပါ။ ကမ္ဘာကအသိအမှတ်ပြုလာအောင် ချပြသွားဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်

ဒေါ်ဇာနည်အောင်

မြန်မာတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ယခု (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲကြီးပင် ငါးရက်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယင်းပြိုင်ပွဲကြီးတွင် ဇွဲမာန်အပြည့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့် ပြိုင်ပွဲဝင်များ၏ ရင်တွင်းစကားသံများကို ပြန်လည်ဖော်ပြလိုက်ရပါသည်-

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက ကျွန်မတို့လို မြန်မာ့သဘင်နဲ့ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးနှစ်သက်သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက ကျွန်မတို့လို မြန်မာ့သဘင်နဲ့ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးနှစ်သက်သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်

မအယ်လ်မွန်

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

Thursday, October 17, 2024

အခုလို ပြိုင်ပွဲကြီးကျင်းပဖြစ်တာကို အမြဲတမ်းကြိုဆိုလျက်ရှိပါတယ်။ ဒီပြိုင်ပွဲရှိမှလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုသလို မြန်မာ့ရိုးရာအနုပညာတိုးတက်မှုတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်

ဒေါ်ထား

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ခံယူနိုင်ရေးနှင့် မြန်မာ့အနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားနိုင်ရေး နိုင်ငံတော်အစိုးရက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ခမ်းနားစွာကျင်းပခဲ့သည်မှာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ငွေရတုအထိမ်းအမှတ်သို့ ရောက်ရှိခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့ (အောက်တိုဘာ ၁၆ ရက်) တွင် ပြိုင်ပွဲအလိုက် သတ်မှတ်နေရာများ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ရသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည် -

စည်း၊ ဝါး နားလည်အောင်၊ သီချင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင်လုပ်ပြီး ယှဉ်ပြိုင်စေချင်တယ်၊ အနည်းဆုံးတော့ ဆုမရရင်တောင် ပညာရမယ်လို့ထင်ပါတယ်

အေးဆုသန့်ဇင်

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

Wednesday, September 25, 2024

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပြီးချိန်မှာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းတွေ အမြန်ဆုံးဆောင်ရွက်ပြီး ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်

ဦးရဲတိုးသွင်၊ ဦးဆောင်ညွှန်ကြားရေးမှူး

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စက်တင်ဘာလအတွင်း ထူးကဲသည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများလျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည် သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

Friday, September 13, 2024

လက်ရှိမှာ ရေပိုလွှဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခု ရှိပါတယ်။ ရေကျော်စီးဆင်းနေတဲ့ တမံတွေမှာ အရေးပေါ်အခြေအနေ အဆင့် (၁) အနေနဲ့ အစိမ်းရောင်အလံများ လွှင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံစိုက်ထူထားတဲ့ တမံမရှိသေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်။

 



ဦးကောင်းမြတ်သိန်း (ညွှန်ကြားရေးမှူး)

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုများပြားခြင်း၊ ဆည်တာတမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍ အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

Monday, June 3, 2024

ပညာရေးဖြင့်သာ မိမိရဲ့ဘဝရည်မှန်းချက်ပန်းတိုင်လျှောက်လှမ်းရာမှာ အမှား၊ အမှန် ခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်၊ ကျောင်းနေစဉ်အချိန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှသာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းများဖြစ်လာမှာပါ၊

ဇာဖြူဝင်း(မြဝတီ)

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေး ကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေး လျက်ရှိသကဲ့သို့ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရေးအတွက် ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားတွင် ကြီးကြပ်မှု ကော်မတီနာယက ဦးမြင့်ဦး (မြို့နယ်ပညာရေးမှူး-ငြိမ်း)၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်၊ အ.ထ.က (၁) အထက်တန်းပြ ဆရာမဒေါ်ခင်ထွေးရီ၊ မိဘ/ ကျောင်းအကျိုးတော်ဆောင် ဦးမျိုးအောင်နှင့် အ.ထ.က(၁) ကျောင်းသူ မဆောင်းနှင်းရွှေစင်တို့၏ ရင်တွင်းစကား သံများ တင်ပြလိုက်ပါသည်။

Wednesday, January 31, 2024

နတ်တလင်းမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် ယောက်ျားကြီး ငါး၊ ငါးပိထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME  လုပ်ငန်းများကို  အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ယောက်ျားကြီးအမှတ်တံဆိပ် ငါး ငါးပိထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးကျော်လင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

Sunday, January 7, 2024

ပျော်ဘွယ်မြို့နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် ပဒေသာတံဆိပ် မုန့်ကြွပ်လုပ်ငန်း


တွေ့ဆုံမေးမြန်း -   စန်းစန်းကြူ

ဓာတ်ပုံ  -   မင်းမင်းထွေး(ပျော်ဘွယ်)

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် လမ်းမတော်လမ်း ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ ပဒေသာမုန့်ကြွပ်လုပ်ငန်း၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေကို ပြည်သူများသိရှိစေရန် မုန့်ကြွပ်လုပ်ငန်းမှ ဦးတင်ရွှေ၏သား ဦးတင်မောင်ထွန်း အား သွားရောက် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။

E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများမှ တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံများ


ရန်ကုန် ဇန်နဝါရီ ၆

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ MSME Center ခန်းမ၌ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (MSME)ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမိုကျယ်ပြန့်စွာ ရရှိစေရန်နှင့် Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန် E- Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများနှင့် ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါပြပွဲမှ MSME လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ ရင်တွင်းစကားသံများကို စုစည်းတင်ပြလိုက်ပါသည်။

Sunday, December 24, 2023

နိုင်ငံတော်၏ အားပေးမြှင့်တင်မှုနှင့်အတူ အောင်မြင်မှုရရှိနေသည့် ရွှေယာမြေ ပဲဆီသန့်ထုတ်လုပ်ရေးလုပ်ငန်း

  

တွေ့ဆုံမေးမြန်း - ကျော်မင်းဦး၊ ဓာတ်ပုံ - အောင်ကျော်ဇင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်()ရပ်၏ စီးပွားရေးကဏ္ဍ အချက်()ချက်တွင်တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟု မူဝါဒထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ သို့ဖြစ်ရာ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ရှိ အောင်မြင်နေသော MSME လုပ်ငန်းတစ်ခုဖြစ်သည့်ရွှေယာမြေပဲဆီသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

Thursday, December 14, 2023

စာများများ ဖတ်ပါ၊ စာများများရေးပါ၊ ရေးတဲ့စာတွေ မှန်သမျှ တိုင်းပြည်ကို အကျိုးပြုတဲ့၊ လူငယ်အကျိုးပြုတဲ့ စာတွေဖြစ်ရင် ပိုပြီးတော့ ရေးရကျိုးနပ်တာပေါ့၊ အဲဒီလိုပဲဖြစ်စေချင်တယ်။ ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)

 



၁၃၈၅ ခုနှစ် နတ်တော်လဆန်း (၁)ရက်တွင်ကျရောက် သည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေပညာရှင် ကြီးများ ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ် သက်တာဆု လေးဆု၊ အမျိုး သားစာပေဆု ၁၁ ဆုနှင့် စာပေဗိမာန်စာမူဆု ၂၉ ဆု ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ ဆုရစာပေပညာရှင်ကြီးများ၏ ဝမ်းမြောက် ပီတိစကားနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လမ်းညွှန်အမှာစကားများအား မြန်မာ့ အလင်းမှ တွေ့ဆုံမေးမြန်း စုစည်းဖော်ပြအပ် ပါသည်။

ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)

၂၀၂၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်

ဒီနေ့ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားကတော့ စာပေပညာ ရှင်တွေ၊ စာရေးဆရာတွေကို အားတက်စေတယ်၊ သေသေချာချာ ပြင်ဆင်ထားတဲ့ အခမ်းအနားကြီး ကလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိပါတယ်။ စာရေးရတဲ့ သူတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် အားဆေးတစ်ခွက်ပါပဲ။ လူငယ်တွေအနေနဲ့ စာပေကို တော်တော်များများ စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒီဘက်ခေတ်မှာ Print Media စာအုပ်ကအထွက် နည်းတယ်။ တချို့ကျတော့Social Media၊ Facebook စတာတွေကို သုံးကြတာများတယ်။ အခုဆိုရင် တည်းဖြတ် မွမ်းမံပေးတဲ့ အယ်ဒီတာပိုင်း ပျောက်သွားတယ်။ အဲဒီလို အယ်ဒီတာကဏ္ဍ ပျောက် သွားတဲ့အခါ တချို့စာတွေကျတော့ တိမ်းတာလေးတွေ၊ လွဲတာလေးတွေ ပါတတ်တယ်။ တကယ့် အယ်ဒီတာကောင်းတွေဆီကနေ ဖြတ်သန်းတယ်ဆိုရင်တော့အပြစ် ကင်းစင်တာပေါ့။ စာများများ ဖတ်ပါ။ စာများများရေးပါ။ ရေးတဲ့စာတွေ မှန်သမျှကလည်း အဓိကအားဖြင့် တိုင်းပြည်ကို အကျိုးပြုတဲ့၊ လူငယ်အကျိုးပြုတဲ့စာတွေ ဖြစ်ရင်ပိုပြီးတော့ ရေးရကျိုး နပ်တာပေါ့။ အဲဒီလိုပဲ ဖြစ်စေချင် တယ်။ ဆရာမကြီးရခဲ့တဲ့ စာပေထူးချွန်ဆုတွေ အနေနဲ့ကတော့ ၁၉၈၁ ခုနှစ်မှာ ပထမဆုံးထုတ်တဲ့ စံပယ်တစ်ကုံး ဂမုန်းတပွင့် လက်ရွေးစင်ဝတ္ထုတိုများ စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့တယ်။ အဲဒီဆုချီးမြှင့်ခံရတဲ့ အချိန်မှာအလွန်ပဲ အားတက်သွားပါတယ်။ နောက်ဒုတိယတစ်ကြိမ်က ၂၀၀၃ ခုနှစ်မှာ ရွှေတံခါးကြီး ဖွင့်ပါဦးနှင့် အခြားပြဇာတ်များ စာအုပ်နဲ့ အမျိုးသားစာပေဆု၊ တတိယ တစ်ကြိမ်က ၂၀၀၈ ခုနှစ်မှာ သိင်္ဂါရ ရသဝတ္ထုတိုပေါင်းချုပ်နဲ့ အမျိုး သား စာပေဆုသုံးကြိမ်ရခဲ့တယ်။ နောက်ထပ်ကတော့ ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှစာပေ ဝတ္ထုတို ဆုကိုရခဲ့ပါတယ်။ အခု လတ်တလော စာပေလှုပ်ရှားမှုအနေနဲ့ ကတော့စာရေးတဲ့ အတတ်ပညာ၊ ဟောပြောတဲ့ အတတ်ပညာ၊ ကဗျာရေးတဲ့ အတတ်ပညာ၊ စာရေးသူထားရမယ့် စိတ်နေသဘောထား၊ ကျင့်ဝတ်သိက္ခာ စတာတွေကိုရခဲ့တဲ့ ဆရာမကြီးရဲ့ လက်ဦးဆရာလို့ ပြောလို့ရတဲ့ ကိုလိုနီခေတ်က စာရေးဆရာကြီး ရန်အောင်ရဲ့ (၁၁၉) နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ကန်တော့တဲ့အနေနဲ့စာအုပ် လေးတစ်အုပ် မကြာမီမှာ ထွက်ပါမယ်။ ကျေးဇူးတင်ပါတယ်။

ဦးချစ်စံ(ချစ်စံဝင်း)

၂၀၂၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်

အသက် ၈၀ ကျော် ကာလအထိ စာပေသမိုင်းတစ်လျှောက်မှာ အခုလို ခမ်းနားကြီးကျယ်တဲ့ အခမ်းအနားမျိုး မတွေ့ခဲ့ဖူးသေးဘူး။ ဒါကြောင့်မို့ ဒီအခမ်းအနားဟာ စာပေပညာရှင်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာပါ။ ဆုရတဲ့ စာပေပညာရှင်တွေ အားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ်။

မောင်ငြိမ်းသူ (ကြို့ပင်ကောက်)

စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်

ကျွန်တော်တို့ စာတွေအများ ကြီးဖတ်ပြီးတော့ အမျိုးသားစာပေ တစ်သက်တာဆုလေးဆု၊ အမျိုး သား စာပေဆု ၁၁ ဆု၊ ဘာသာရပ် ၁၃ မျိုးအတွက် စာပေဗိမာန်စာမူ ဆု ၂၉ ဆု ရွေးချယ်ခဲ့ပါတယ်။ ဒီနေ့ စာပေဆုနှင်းပွဲကြီးကတော့ ကျွန်တော်တို့ စာရေးဆရာတွေ အားလုံးအတွက် နေ့ထူးနေမြတ်ပါ။ စာရေးဆရာ စာပေပညာရှင်တွေကို ဂုဏ်ပြုတဲ့နေ့၊ ရှေးခေတ်ဘုရင်တွေ လက်ထက်ကတည်းက စာဆိုတော်တွေကို ဂုဏ်ပြုခဲ့သလို အခုခေတ်မှာလည်း နှစ်စဉ်နှစ်စဉ် ဆက်လက်ပြီးတော့ အစဉ်အလာ မပျက်ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့ အထူးအမြတ်ပွဲလည်း ဖြစ်ပါတယ်။

ဦးပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း)

စာပေဗိမာန် ကဗျာပေါင်းချုပ်(တတိယဆု)

အခု စာပေဗိမာန်စာမူဆုကို အမျိုးသမီးတွေ၊ အထူးသဖြင့်မြန်မာနိုင်ငံရဲ့ မိခင်ကောင်းတွေ မိခင်ရဲ့ အကြင်နာနှလုံးသားနဲ့ ဆုံးမတဲ့စကားတွေကိုကိုယ်တွေ့ ခံစားလိုက်ရတဲ့အခါ ၂၀၂၂ ခုနှစ် အတွက် ပြိုင်ပွဲမှာ နှလုံးလှအမေရဲ့ ဇာတ်စင်နှင့် အခြားကဗျာများဆိုတဲ့ ကဗျာပုဒ်ရေ ၇၂ ပုဒ် ပါဝင်တဲ့ စာအုပ်နဲ့ ကဗျာပေါင်းချုပ် (တတိယ ဆု)ကို ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဉူးပဉ္စင်းကတော့ မွန်မြတ် စိတ်ထား များများပွားဆိုတဲ့ကဗျာနဲ့ စာပေလောကထဲကို စတင်ဝင်တယ်။ အဲဒီနောက်မှာ လူငယ်တွေ မူးယစ်ကင်းစင်ဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ဆိုင်တဲ့ ပြိုင်ပွဲတွေမှာလည်းဆုတွေရခဲ့ပါတယ်။ အဲဒီနောက် မြန်မာ နိုင်ငံအမျိုးသားတွေ အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြားစေတော့ ဆိုပြီး အမျိုးသားဂုဏ်ရည်တိုးမြှင့် မည်ဆိုတဲ့ခေါင်းစဉ်နဲ့ ပြိုင်ပွဲဝင်ခဲ့တာ ၂၀၁၂ ခုနှစ်အတွက် စာပေ ဗိမာန်စာမူ (တတိယ) ဆုရခဲ့ပါတယ်။ လူငယ်မောင်မယ်တွေကို မှာချင်တာက အခြားတစ်ပါးသော ပုဂ္ဂိုလ်တွေကို ကောင်းစေချင်ရင် ဦးစွာပထမ ကိုယ်ကိုယ်တိုင်ကလည်းပဲ ကောင်းအောင်ကြိုးစားရမယ်။ မြန်မာနိုင်ငံ အတွင်းမှီတင်းနေထိုင်တဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့၊ မြန်မာနိုင်ငံကြီး သာယာဖို့၊ မြန်မာနိုင်ငံ ကြီး ကောင်းစားဖို့အတွက်ဆိုရင် အဓိကကတော့ကိုယ်ကျင့်တရားကောင်းဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ကိုယ်ကျင့်တရားကို အလေးထားပြီး မိမိကိုယ်ကျင့် တရားကောင်းဖြင့် မိသားစုအကျိုး၊ ရပ်အကျိုး၊ ရွာအကျိုး၊ မြို့အကျိုး၊ နိုင်ငံအကျိုး၊ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးရွက် ဆောင်နိုင်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်ပါ စေလို့ ဆန္ဒပြုတိုက်တွန်းပါတယ်။

ဦးဝင်းသိန်း

အမျိုးသားစာပေ (အင်္ဂလိပ်ဘာသာ-သုတ)ဆု

ငယ်စဉ်ကတည်းက စာဖတ်ပြီးတော့ စာရေးလာခဲ့တယ်။ ဒါတွေ ကို စုပေါင်းပြီးတော့ တိုင်းပြည် အကျိုးရှိအောင် ထုတ်ဝေတဲ့အခါမှာ နိုင်ငံတော်က အသိအမှတ်ပြု ခြင်းခံရတဲ့အတွက် အတိုင်းမသိ ခွန်အားဖြစ်တယ်။ အခုဆုရတဲ့ စာအုပ်ဟာ လူငယ်တွေအတွက်ပိုရည်ရွယ်တယ်။ လူငယ်တွေ စာဖတ်တဲ့အခါမှာ Read broadly – Read widely, Judge wisely စာကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်၊ ပြည့်ပြည့်စုံစုံဖတ် အဲဒီတော့မှ အသိဉာဏ်ပညာနဲ့ အသုံးချနိုင်တဲ့ အနေအထားကို ရောက်မှာ။ အင်္ဂလိပ်စကားမှာလည်း ရှိတယ် A reader lives a Thousand Life before he died. စာဖတ်သူ က သူမသေခင်မှာ ဘဝပေါင်း တစ်ထောင် နေသွားရတယ်တဲ့။ The man who never read lives only one စာမဖတ်တဲ့သူကတော့တစ်ဘဝပဲ။ စာဖတ်တဲ့သူကတော့ စာပေကပေးတဲ့ဘဝအတွက် အကျိုးကျေးဇူးတွေနဲ့ဘဝပေါင်း တစ်ထောင်မက အတွေ့အကြုံ တွေ ရသွားတယ်။ စာမဖတ်တဲ့သူ ကတော့အတွေ့အကြုံမရဘူး။ ဒါကြောင့် စာဖတ်ပါ။ စာဖတ်တဲ့နေရာမှာလည်း အခုလူငယ်တွေကို တိုက်တွန်းချင်တာက စာဖတ်တဲ့အခါမှာ Casual Reading၊ Superficially Reading လို့ခေါ်တဲ့ စာဖတ်တာကို အပျော်တမ်းဖတ်တာ၊ အပေါ်ယံ ဖတ်တာမလုပ်ပါနဲ့။ စာဖတ်ပြီဆိုကတည်းက အပေါ်ယံ အပျော်တမ်း မဖြစ်စေအောင် Critical Reading ခေါ်တဲ့ ဆင်ခြင် သုံးသပ်ဝေဖန်နိုင်တဲ့ စာဖတ်နည်း မျိုးနဲ့ဖတ်ပါ။ အဲဒီတော့မှ စာဖတ် သူရဲ့ ရည်ရွယ်ချက်ကို သိမှာ။ သိတော့မှ ဆင်ခြင်သုံးသပ်ပြီး တော့ ဒါကိုဘယ်လို လုပ်သင့်လဲ၊ ဒါကို ဘယ်လိုသွားသင့်လဲ စဉ်းစားသုံးသပ်နိုင်မှာ။ အဲဒီတော့မှ တိုင်းပြည်အတွက်လည်း အကျိုးဆိုတာရှိမှာ။ ဒီတိုင်း စာအုပ်ဖတ်တယ် ဆိုပြီးတော့ အပျော်တမ်း အပေါ်ယံဖတ်လို့ တော့မရဘူး။ အဲဒီတော့စာကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်ပါ။ ပြည့်ပြည့်စုံစုံဖတ်ပါ။ အဲဒီတော့မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆက်ပြီးတော့ လုပ်နိုင်မယ့်ဝမ်းစာ ကိုရမှာ။ ဒီခေတ်ကတော့ အိုင်တီ ခေတ်ဖြစ်တဲ့အတွက် ဖတ်စရာ တွေ အများကြီး။ E-book ၊ Pdf ၊ Online pwm တွေ ရှိမယ်။ Resources အရင်းအမြစ်တွေ အများကြီး ပေါကြွယ်ဝတယ်။ သို့သော် Resources ရှိတိုင်း တိုင်းပြည်တိုးတက်အောင်လုပ်နိုင်သလားဆိုတော့ မဟုတ်ဘူး။ Critical Reading နဲ့ ဖတ်မှ ဆင်ခြင်သုံးသပ် ဝေဖန်နိုင်တဲ့ အဆင့်ကို ရောက်တာ။ ဖတ်ရုံနဲ့ တင်ရပ်ထားလို့မရဘူး။ ဖတ်ပြီး ရင် မှတ်ရမယ်။ မှတ်ပြီးတော့ပြုစုရမယ်။ ပြုစုပြီးတော့ မျှဝေရမယ်။ အဲဒါမှစာဖတ်တယ်၊ စာရေးတယ် အပြန်အလှန်အကျိုး ကျေးဇူးရှိတယ်။ ကလေးတွေ Critical Reading ရပါစေ၊ တိုင်းပြည်အတွက်ကို အကျိုးရှိပါ စေ၊ ကိုယ်တိုင်လက်တွေ့ကျကျ လုပ်နိုင်ပြီးတော့ မျှဝေနိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ် ရေးခဲ့တာပါ။

ဒေါ်စုလှိုင်တင့်

အမျိုးသားစာပေ (သုတပဒေသာ- အသုံးချသိပ္ပံ)ဆု

အဓိက ကတော့ စာပေ လောကထဲကတော့ မဟုတ်ပေ မယ့် ဇီဝနည်းပညာဆိုင်ရာသိပ္ပံဘွဲ့ (Bio technology) ရထားတယ်။ အဲဒီနောက် ဂျာမနီနိုင်ငံမှာ ပညာတော်သင် ခုနစ်နှစ် တက်ရောက် ခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန် ဖြစ်တဲ့အတွက် အထူးသဖြင့် ဆေးလောက ဓာတ်ခွဲခန်းနည်း ပညာရဲ့ အရေးပါမှုကို သိသွား တယ်။ အဲဒါနဲ့ ၂၀၂၁ ခုနှစ်မှာ ဓာတ်ခွဲခန်းများဆိုင်ရာ အရည် အသွေး စီမံခန့်ခွဲမှုစနစ်နှင့် ဓာတ်ခွဲခန်း ဘေးကင်းလုံခြုံရေးဆိုတဲ့ ပထမစာအုပ်ကို ထုတ်ဖြစ်ခဲ့တယ်။ အခု ဒုတိယမြောက်ထုတ်တဲ့ ဇီဝအန္တရာယ် ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်းစာအုပ်ကို ပြုစုခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဖြစ် တာကလည်း ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတကာမှာ Risks ကို ပိုပြီးတော့ အလေးထားလာကြတယ်။ အရင်တုန်းက အရည်အသွေးစီမံခန့်ခွဲမှုစနစ်(Quality Management) လို့ ပြောတဲ့အချိန်မှာ Opportunities for Improvement ဆိုတာလောက်ပဲ ပြောကြ တယ်။ အခုအချိန်မှာတော့ အဲဒါနဲ့ မလုံလောက်တော့ဘဲနဲ့ Risks & Opportunities for Improvement ဆိုတာမျိုး Risk ကိုပါ ထည့်တွက်လာရပါတယ်။ အမြဲတမ်းရေရှည်တိုးတက် အောင်မြင် ဖို့အတွက် အမြဲအခွင့်အလမ်းချည်းပဲ ရှာလို့မရဘူး။ ထိခိုက်နိုင်ခြေ (Risks) ကိုပါ ထည့်တွက်လာရတယ်။ ဆေးပညာဓာတ်ခွဲခန်း နည်းပညာဘက်မှာ Risk ကို တွက်ချက်တဲ့အရာဟာ မြန်မာ ဘာသာနဲ့ ရေးထားတာ နည်းသေး တယ်။ အင်္ဂလိပ်လို များပေမယ့် နည်းပညာအခေါ်အဝေါ်အယူ အဆတွေဖြစ်တဲ့အတွက် ရှုပ်ထွေးတယ်၊ အဲဒါကို ရိုးရှင်းအောင် မြန်မာမှုပြုပေးတာပါ။ ကိုဗစ်ကာလအတွင်းမှာ စာစရေးရင်းနဲ့ ကိုယ်တတ်တဲ့ ပညာကို ပြန်ပြီးတော့ မျှဝေတာပါ။ အခုလိုဆုရတဲ့အတွက်၊ အသိအမှတ်ပြုတဲ့ အတွက်လည်း စာရေးဖို့ ပိုပြီးတော့ အားတက်မိတယ်၊ ခွန်အားလည်း ဖြစ်ပါတယ်။

ဒေါ်ယဉ်ယဉ်မွန်

(ရှေးဟောင်းသုတေသန)စာပေဗိမာန် သုတပဒေသာ(ဝိဇ္ဇာ)ပထမဆု

ဆရာမကတော့သမိုင်းကြောင်းကို အခြေတည်ပြီးတော့ လက်ရှိအခြေအနေအထိ ကွင်းဆင်းပြီး ရေးသားထားတဲ့ မြို့တည် နန်းတည်ကေတုမတီ(တောင်ငူ) စာအုပ်နဲ့ဆုရပါတယ်။ တပင် ရွှေထီး၊ ဘုရင့်နောင်၊ ရတုစာဆို နတ်ရှင်နောင်တို့ရဲ့ တောင်ငူမြို့ အကြောင်းကို ရေးထားတာပါ။ စာပေဗိမာန်ဆုကတော့ ဒါနဲ့ဆို လေးဆုမြောက်ရရှိတာပါ။ ပထမဆုံး ဓမ္မစေတီစာအုပ်နဲ့ ၂၀၁၁ခုနှစ် မှာ သုတပဒေသာ (ဝိဇ္ဇာ) တတိယ ဆုရခဲ့ပြီးတော့ ၂၀၁၃၊ ၂၀၂၀ နဲ့ အခုကတော့ ပထမဆုတွေချည်း ပါ။ ကျွန်မတို့ ရှေးဟောင်းသုတေ သနဆိုတာက ရှေးဟောင်းအမွေ အနှစ် မြေပေါ်၊ မြေအောက်ပစ္စည်း တွေကို ထိန်းသိမ်းရတဲ့ဌာန ဖြစ် တယ်။ ဒီလိုလုပ်တဲ့အခါမှာ တစ်ဦး တစ်ယောက်၊ တစ်ဌာနတည်း လုပ်လို့မရဘူး၊ အများပြည်သူကပါ ပူးပေါင်းပါဝင်ဆောင် ရွက်ပြီးတော့ ပါဝင်မယ်။ ဥပမာ-ပျက်စီးနေတဲ့ ဘုရားစေတီတစ်ခုမှာ ပစ္စည်းတစ်ခု တွေ့တယ်ဆိုရင် ရှေးဟောင်း သုတေသနဌာနကို ပြည်သူတွေကပူးပေါင်းပြီး သတင်းပို့မယ်ဆိုရင် ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ တခြားသူလက်ထဲရောက်မသွားနိုင်တော့ဘူး။ ဒါကြောင့်မို့ လူငယ်တွေရော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို မြတ်နိုးသူတွေအားလုံး ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းချင်ပါတယ်။

တွေ့ဆုံမေးမြန်း -

ခင်ရတနာ၊ ဇင်ဦး

ဓာတ်ပုံ- သီဟစည်သူ





 

Sunday, December 3, 2023

လူငယ်တွေကို စာပေအနေနဲ့ အကြံပြုလိုတာက စာပေနယ်ဆိုတာ ဖြတ်လမ်းမရှိပါဘူး။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။ ကြိုးစားပါ။ ခေတ်နဲ့အညီ ဆန်းသစ်ပါ၊ တီထွင်ပါ။ ယုံကြည်ချက်နဲ့ ရည်မှန်းချက်ထားကြပါ။ အောင်မြင်ကြမှာပါ

 


ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူအား တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကချင်ရိုးရာ အသင့်စားအသားခြောက်အမျိုးမျိုး ထုတ်လုပ်နေသည့် မြစ်ကြီးနားမြို့မှ MSME လုပ်ငန်း

ဖြိုးလေး၊ ငုရွှေဝါ

မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ်သည် ထူးခြားထင်ရှားသည့် နယ်မြေဒေသတစ်ခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝလှသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ အထင်ကရ ရေခဲတောင်ဒေသနှင့်အတူ လေ့လာလည်ပတ်စရာ အခြားနေရာများစွာရှိသလို ဒေသထွက် အဝတ်အထည်များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ဒေသအစားအစာများသည် ကချင်ပြည်နယ်၏ လူသိများသော ထုတ်ကုန်များဖြစ်သည်။

တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိနေသည့် ဝဥခြောက်လုပ်ငန်း

 

နိုင်ငံတော်က နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်အတွက် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ပြည်တွင်းထုတ်ကုန် တိုးမြင့်စေနိုင်ပြီး တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေသည့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းနယ်မြေစက်မှုဇုန်ရှိ ရွှေဝါမြေဝဥအခြောက်စက်ရုံမှ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ရပါသည်။

နည်းပညာများတိုးတက်လာသည်နှင့်အမျှ လူငယ်များရဲ့ စာဖတ်မှုအားနည်းလာတယ်လို့ တွေ့မြင်နေရပါတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ စာမဖတ်ခြင်းဟာ ကျရှုံးခြင်းသာဖြစ်ပါလိမ့်မယ်


နည်းပညာများတိုးတက်လာသည်နှင့်အမျှ လူငယ်များရဲ့ စာဖတ်မှုအားနည်းလာတယ်လို့ တွေ့မြင်နေရပါတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ စာမဖတ်ခြင်းဟာ ကျရှုံးခြင်းသာဖြစ်ပါလိမ့်မယ်

ဝေလွင်မောင်

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်ဖော်ပြလိုက်ပါသည်။

Friday, November 3, 2023

စပျစ်စိုက်ပျိုးခြင်းဖြင့် တောင်သူစီးပွား၊ ဒေသစီးပွား တိုးပွားစေမည်

တစ်ကြိမ်စိုက်ပျိုးပြီး စနစ်တကျပြုစုကာ နှစ်စဉ်ဝင်ငွေရရှိနိုင်သည့်အတွက် စပျစ်စိုက်ပျိုးခြင်းကို တောင်သူအများ စိတ်ဝင်စားလာကြသည်။ စပျစ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိသကဲ့သို့ ခြံလုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သည်။ နိုင်ငံအတွင်း စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သော စပျစ်ဝိုင်အဖြစ်ပါ ရည်မှန်းထုတ်လုပ်လာကြသည်။