မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင် အမျိုးသမီး
၈၈ ဦးနှင့် အမျိုးသား ၅၀ တို့သည် အမြင့် ၇၇၅၂ ပေ မြင့်သည့် ရွာငံမြို့နယ်ရှိ အရှေ့မြင်
အနောက်မြင် တောင်ထိပ်ပေါ် တက်ရောက်ရန် ဇန်နဝါ ရီ ၄ ရက်က တောင်ခြေရှိ လုပ်ပြင်ကျေးရွာလေး၌
ညအိပ်ခဲ့သည်။ နောက်တစ်နေ့ ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီတွင် အရှေ့ မြင်အနောက်မြင် တောင်ထိပ်ပေါ်တို့
စတင်တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီတွင် တောင်ထိပ်ပေါ်၌ ခြေချနိုင်ခဲ့ကြသည်။
အရှေ့ မြင်အနောက်မြင် တောင်တက်ခရီးစဉ်သည် မိတ္ထီလာခြေလျင်နှင့်
တောင်တက်အဖွဲ့၏ ၂၀၁၈ တောင်တက်ခရီးစဉ် ရှစ်ခုအနက် ခြောက်ခုမြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ
ဒုတိယပတ်တွင် အမြင့်ပေ ၈၀၀၀ ကျော်မြင့်သော မဲနယ်တောင်တန်း ဒေသမှ လွယ်မိုင်းတောင်နှင့်
မတ်လ ဒုတိယပတ်တွင် အမြင့်ပေ ၁၁၉၂၀ ရှိသည့် ဖုန်ကန်ရာဇီ ရေခဲတောင်ကို တက်ရောက် သွားမည်
ဖြစ်သည်။ အရှေ့ မြင်အနောက်မြင် တောင်ထိပ်ပေါ် ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက်
ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်ကို မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်ရန် ခြေတစ်လှမ်း
အလိုသာ ကျန်ရှိပါတော့သည်။
အရှေ့ မြင်အနောက်မြင်တောင်တက်ခရီးစဉ်တွင် လုပ်ပြင်ကျေးရွာမှ
ဒေသခံများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ
ဒေါက်တာမြတ်မင်းနှင့်ဇနီးတို့က ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး လမ်းပြုပြင်ဆောင်ရွက်ရန်
စုပေါင်းလှူဒါန်းငွေကျပ် သုံးသိန်းကျပ်ကိုလည်း ကျေးရွာတာဝန်ရှိသူများထံသို့ မိတ္ထီလာခြေလျင်နှင့်
တောင်တက်အဖွဲ့က ပေးအပ်လှူဒါန်းခဲ့သည်။
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင်များ၏
အရှေ့ မြင် အနောက်မြင် တောင်တက်ခရီး မှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးဖော်ပြလိုက်ပါသည်။
ချမ်းသာ (မိတ္ထီလာ)





No comments:
Post a Comment