Thursday, January 10, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ILO မှ Project Manager Ms. Marielle Phe Goursat နှင့် တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ Project Manager Ms. Marielle Phe Goursat အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၄) ခု အနက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း Medical Reform နှင့် ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အာမခံ အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးရန် ILO နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment