Saturday, January 26, 2019

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ ဌာနေအထူး ကိုယ်စားလှယ်နှင့် အမေရိကန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ




 နေပြည်တော်၊ ဇန်နဝါရီ၂၅
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr.Scot Marciel အား
မွန်းလွဲ ၂ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
ကုလသမဂ္ဂဌာနေ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မှန်ကန်စွာ နားလည်သိမြင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ‌ဆွေးနွေးကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment