နေပြည်တော်
ဇန်နဝါရီ ၂၆
အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို့
ဇန်နဝါရီ ၃ ရက်က လွှဲပြောင်းပေးခဲ့သည့် ရခိုင် ပြည်နယ်မှ မာမွတ်ဆာလမ် အပါအဝင် အစ္စလာမ်ဘာသာဝင်
ခြောက်ဦးအား တမူး - မိုးရေး နယ်စပ်ဂိတ်၌လက်ခံခဲ့ပြီး ယခုအခါ ၎င်းတို့၏မိဘဆွေမျိုး များထံ
စနစ်တကျ လွှဲပြောင်းပေးအပ် ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
၎င်းအစ္စလာမ်ဘာသာဝင် ခြောက်ဦးအား လွှဲပြောင်းနိုင်ရန်အတွက်
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံသားဖြစ်မှု
သို့မဟုတ် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဟုတ်၊ မဟုတ် ကိုစိစစ်ပြီး နိုင်ငံခြားရေး
ဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးသို့ပေးပို့ခဲ့ပြီး မြန်မာသံရုံးမှ၎င်းတို့အား
C of I ထုတ်ပေးပြီး ဇန်နဝါရီ ၃ ရက်က နှစ်နိုင်ငံနယ်စပ်တွင် တရားဝင်လာရောက်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ထိုသို့ တရားဝင်လာရောက်လွှဲပြောင်းရာတွင်
တမူး - မိုးရေး နယ်စပ်ဂိတ်၌ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ
တမူးခရိုင်မှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မျိုးထံ လွှဲပြောင်းခဲ့ပြီး ဇန်နဝါရီ
၎ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ မကွေးမြို့ သို့လည်းကောင်း၊ ဇန်နဝါရီ
၅ ရက်တွင် မကွေးမြို့မှ ရခိုင်ပြည်နယ် အမ်းမြို့သို့လည်းကောင်း၊ ဇန်နဝါရီ ၇ ရက်တွင်
အမ်းမြို့မှ စစ်တွေမြို့သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစ္စလာမ်ဘာသာဝင် ခြောက်ဦးအား အမ်းမြို့နယ်ဦးစီးဌာနမှူးရုံး၌
NV Card များ ထုတ်ပေးခြင်း၊ e-ID မှတ်တမ်းကောက်ခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး
၎င်းတို့ နေရပ်ဖြစ် သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့သို့ ပြန်လည်လွှဲပြောင်းပေးရန်
စီစဉ်နေသည့် ကာလအတွင်း စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် ခေတ္တနေရာချထား
ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment