Monday, January 28, 2019

တောင်နဝင်းရေလှောင်တမံမှ နွေစပါးဧက ၇၆ဝဝ ကျော် ရေပေးဝေလျက်ရှိ



ပေါက်ခေါင်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်ပေါက်ခေါင်း မြို့နယ်၌ ယခုနှစ်နွေစပါး စိုက်ရာသီတွင် နွေစပါးစိုက် ဧက ၇၆ဝဝ ကျော်ကို ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေပေးဝေလျက်ရှိ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းစိုးထံမှ သိရသည်။

အဆိုပါ ရေလှောင်တမံမှ ၂ဝ၁၈-၂ဝ၁၉ မိုးစပါး စိုက်ရာသီတွင် မိုးစပါး ၁၁ဝ၉၉ ဧကကိုလည်း ဖြည့်စွက်ရေ၊ အောင်ရေပေးဝေနိုင် ခဲ့ပြီး ရေလှောင်တမံအတွင်း ရေ ပမာဏ ဧကပေ ၂၂၅ဝဝဝ သိုလှောင်ထားရှိကြောင်း သိရ သည်။
သီးနှံများအတွက် ဆည်ရေသောက်စနစ်အား ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင် ဖွံ့ဖြိုးရေးချေးငွေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်၍ အဆင့်မြှင့် တင် ပြုပြင်လျက်ရှိရာ စီမံကိန်း နောက်ဆုံးနှစ်ဖြစ်သည့် ၂ဝ၁၉ ခုနှစ် စက်တင်ဘာ လတွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ရေလှောင်တမံ၏ ရေသောက်စနစ်များ အားလုံးပြီးစီး သွားပါက နှစ်စဉ်မိုးစပါးဧက ၇ဝဝဝဝ ကျော်အား ဖြည့်စွက်ရေ၊ အောင်ရေများ ပေးဝေနိုင်မည်ဖြစ်ပြီး နွေစပါးဧက ၃ဝဝဝဝ ကျော်ကိုလည်း လျာထားစိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဥာဏ်ကောင်းဆက်




No comments:

Post a Comment